
အသက် ၉၀ ရှိနေပြီဆိုပေမဲ့ သကြားလုံးများရောင်းနေသေးတဲ့ အဘွားအို
ဖိလစ်ပိုင်နိုင်ငံ၊ Pangasinan ပြည်နယ်ရှိ အစိုးရရုံးတစ်ခုမှာ အသက် ၉၀ ရှိပြီဖြစ်တဲ့ အဘွားအိုဟာ သကြားလုံးများရောင်းနေသေးတာကြောင့် မကြာသေးမီက ပြန့်နှံ့ခဲ့ပါတယ် ။ Fernandez အမည်ရှိ netizen က အဘွားအိုဟာ အသက် ၉၀ ရှိနေပြီလို့ သိရတဲ့အခါမှာ အတော်လေးအံ့သြသွားခဲ့ပါတယ် ။
အဘွားအိုရဲ့နာမည်က Maria Malanom ဖြစ်ပြီး သူမ Fernandez ကို တွေ့တဲ့အခါမှာ သူမရဲ့သကြားလုံးတွေကို ကုန်းလမ်းသယ်ယူပို့ဆောင်ရေးရုံး (LTO) မှာ ရောင်းချနေပါတယ် ။ ဒီအဘွားအိုဟာ အတော်လေးမောပန်းနေပြီး အိမ်မှာ တကယ်ပဲအနားယူသင့်ကြောင်း Fernandez က ယုံကြည်ခဲ့တာကြောင့် Netizen တွေဆီ အဘွားရဲ့ ဓာတ်ပုံတွေကို ဝေမျှခဲ့ပါတယ် ။
ထို post က Facebook ပေါ် အလျင်အမြန်ပြန့်နှံ့သွားပြီး လူအများက သူမဟာ အသက်ကြီးနေပြီဖြစ်တာကြောင့် ပစ္စည်းတွေရောင်းချဖို့မသင့်တော်ဘူးလို့ဆိုကြပြီး အဘွားအိုရဲ့ မိသားစုတွေကိုလည်း ကဲ့ရဲ့ခဲ့ပါတယ် ။ အဘွားဟာ သူမရဲ့မိသားစုကို ငွေရှာကူဖို့ အမှန်တကယ်ဆန္ဒရှိပြီး ရှေးခေတ်လူတွေက သူတို့သားသမီးတွေ ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် သူတို့လုပ်ချင်တဲ့ အရာတစ်ခုလည်း ဖြစ်နိုင်ပါတယ် ။
Zawgyi
Leave a Reply