
အသက် ၅နှစ်အရွယ်သမီးဖြစ်သူက သူမမသိဘဲ online shopမှာ Elsa ဖိနပ်တွေကို ကိုယ်တိုင်ဝယ်ယူခဲ့လို့ အံ့ဩသွားခဲ့ရတဲ့ မိခင်
ယနေ့ခေတ်ကလေးတွေဟာ အတော်လေးကို ဉာဏ်ကောင်းကကြပါတယ်။၎င်းတို့ဟာ ကျွမ်းကျင်မှုအသစ်တွေကို မြန်မြန်ဆန်ဆန် သင်ယူနိုင်ပြီး ကျွန်တော်တို့လူကြီးတွေမသိသေးတဲ့အရာတွေကိုလည်း သိနေတတ်ပါသေးတယ်။ထို့ကြောင့် ၎င်းတို့က စမတ်ဖုန်းကို ဘယ်လိုအသုံးပြုရမည်ကိုသိနေကြတာက အံ့ဩစရာမဟုတ်နေတော့ပါဘူး။
အချို့ဟာ ၎င်းတို့ရဲ့ online shopping ကိုတောင် ကိုယ်တိုင် ပြုလုပ်နိုင်ကြပါတယ်။မလေးရှားနိုင်ငံရှိ မိခင်တစ်ဦးဖြစ်တဲ့ Ain Musa ဟာ Facebook group တစ်ခုမှာ သူမရဲ့ငါးနှစ်အရွယ်သမီးက သူမအား သတိမပေးဘဲ online shop မှာ Elsa ဖိနပ်အား ဝယ်ယူခဲ့တာကို သူမအလွန်အံ့အားသင့်သွားခဲ့ရကြောင်းကို ပြောပြခဲ့ပါတယ်။
Ainရဲ့post အရ သူမဟာ online shop မှာ ဘာမှမဝယ်ယူထားခဲ့ဘဲ delivery သမားဆီကနေ အထုပ်တစ်ခုလက်ခံရရှိခဲ့ပြီးနောက် သေတ္တာထဲကဘာပစ္စည်းဖြစ်နေမလဲဆိုတာကို စစ်ဆေးကြည့်လိုက်တဲ့အခါ ၎င်းဟာ ကလေးဖိနပ်တွေဖြစ်နေတာကို တွေ့လိုက်ရတော့ သူမဟာ အတော်လေးအံ့ဩသွားခဲ့ရပါတယ်။
ထို့နောက် သူမဟာ ပစ္စည်းရဲ့လိပ်စာ app သို့သွားကြည့်လိုက်တော့ ပိုက်ဆံမရှင်းရသေးတာကြောင့် သူမဟာ ပြေစာရှင်းပေးလိုက်ရပါတယ်။၎င်းဖိနပ်တွေဟာ ရင်းဂစ် ၆၄.၃၄ ကုန်ကျပြီး သူမရဲ့သမီးကြီးက တစ်ရံတည်းမဝယ်ဘဲ ညီမဖြစ်သူအတွက်ပါ မှာပေးခဲ့ပါသေးတယ်။Ain ဟာ သမီးကြီးကို ဆူဖို့ ကြိုးစားခဲ့ပေမဲ့ သမီးဖြစ်သူရဲ့စိတ်လှုပ်ရှားနေတဲ့ရုပ်ကို ကြည့်ပြီး ဒီအတိုင်း လွတ်ပေးခဲ့ရပါတယ်။
Ainဟာ ၎င်းဖိနပ်တွေရောက်မလာခင် နှစ်ရက်အလိုက သူမဟာ သမီးဖြစ်သူတွေကို စပရိုက်လက်ဆောင်ပေးဖို့ online မှာ Frozen ဝတ်စုံ နှစ်စုံကို ဝယ်ယူခဲ့ပြီး သူမရဲ့သမီးတွေထဲက တစ်ယောက်က သူမအား အခုလို online ပြေစာဖြတ်ပိုင်းနဲ့ စပရိုက်ပြန်လုပ်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ကြောင်းကို ပြန်ပြောပြခဲ့ပါသေးတယ်။
ကလေးတွေလည်း သူတို့ရဲ့ Frozen ပစ္စည်းများနှင့် ကျေနပ်ပျှော်ရွှင်နေလိမ့်မယ်လို့ မျှော်လင့်ရင်း Ain လည်း online ပြေစာရောက်မလာခင် သူမရဲ့online shopping app ကိုလည်း အမြဲစောင့်ကြည့်နေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
Leave a Reply