
အသက် ၁၀၀ ရှိပြီဖြစ်တဲ့မိခင်ကို တစ်ဦးတည်းသာပြုစုစောင့်ရှောက်ဖို့ သူမရဲ့ဘဝကို ပေးအပ်ခဲ့တဲ့ ကိုယ်လက်အင်္ဂါမပြည့်စုံတဲ့အမျိုးသမီး
Cai Dengfeng ဟာ တရုတ်နိုင်ငံ၊ စီချွမ်မှာ နေထိုင်တဲ့ အသက် ၇၅ နှစ် အထူးလိုအပ်ချက်ရှိတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ် ။ သူမဟာ လေးနှစ်အရွယ်တုန်းက ဆေးဝါးအရည်ကိုသောက်ပြီး သူမလက်တွေနဲ့ ခြေထောက်တွေကို နီရဲစေပြီး အလွန်ရောင်ရမ်းလာခဲ့ပါတယ် ။ ခြေလက်အင်္ဂါ (၄) ခုစလုံးကို ဖြတ်တောက်ခဲ့ရပြီးရသူမရဲ့ မိခင်ဟာထိုအချိန်မှစပြီ သူမကိုပြုစုထောက်ပံ့ခဲ့ပါတယ် ။ ယခုအသက် ၁၀၀ ရှိပြီဖြစ်တဲ့မိခင်ကို သူမကလွဲပြီး အခြားသူတွေ ဂရုစိုက်ဖို့ Cai က ငြင်းဆန်ခဲ့ပါတယ် ။
သူဟာ အသက် ၁၂ နှစ်အရွယ်မှာ ကျန်းမာရေးမကောင်းတာကြောင့်ကျောင်းထွက်ရန် ဆုံးဖြတ်ခဲ့ပါတယ် ။ သိပ်မကြာခင်မှာ သူ့အဖေဆုံးသွားပြီး မိခင်က Cai နဲ့သူ့ညီမနှစ်ယောက်ကို ထောက်ပံ့ဖို့ ရုန်းကန်ခဲ့ရပါတယ် ။ Cai ဟာ မသန်မစွမ်းမှုဖြစ်သော်လည်း မိခင်နဲ့ မိသားစုကို ကျွေးမွေးစောင့်ရှောက်ခဲ့ပါတယ် ။ ဒါကြောင့် သူမနေ့တိုင်းအလုပ်လုပ်ပြီး ခြေဖြတ်တောက်ရလို့ ဒူးနာကျင်ခြင်းမှကာကွယ်ရန် အထူးဖိနပ်များဝတ်ဆင်ထားရပါတယ် ။
Cai က သူမစီးဖို့ဖိနပ်ကို ကိုယ်တိုင်လုပ်ခဲ့ပေမဲ့ သုံးလမှလေးလအထိသာ ကြာနိုင်ပါတယ်။ ထို့နောက် သူမအသစ်များပြုလုပ်ရန်လိုလာပြီး ယနေ့အချိန်အထိ သူဟာ ၂၀၀ ကျော်ကျော်ကို ပြုလုပ်ခဲ့ပါတယ် ။ Cai ရဲ့ညီမငယ်လေးတွေက လက်ထပ်ထိမ်းမြားပြီးနောက် ခင်ပွန်းသည်များနဲ့အတူ ၎င်းတို့ရဲ့နေအိမ်များသို့ ပြောင်းရွှေ့သွားကတည်းက Cai ဟာ သူမရဲ့မိခင်နဲ့အတူ တစ်ကိုယ်တည်းနေထိုင်ပါတယ် ။ “ ငါ့မှာညီမနှစ်ယောက်ရှိတယ်။ တစ်ယောက်က ချည်မျှင်ဆိုင်မှာအလုပ်လုပ်တယ်၊ နောက်တစ်ယောက်ကရှန်ဟိုင်းမှာနေတယ်။
သူတို့ဘဝနဲ့ သူတို့ ပျော်ရွှင်နေကြပါပြီ ။ အမေ့ကို စောင့်ရှောက်ဖို့ ငါ့ညီမတွေကို အတင်းအကျပ် မခိုင်းစေဖူးဘူး။ သူမကကျွန်မကို မွေးဖွားပြီး ဂရုစိုက်တဲ့သူပါ။ ငါ့ကိုယ်တိုင်ဘဲ စောင့်ရှောက်မယ် ” လို့ ဆိုပါတယ် ။ဝမ်းနည်းစရာက Cai ဟာ သူမအရင်လို ခိုင်မာတဲ့လူတစ်ယောက် မဟုတ်တော့ပါဘူး ။ သူမဟာ အသက်ကြီးလာပြီး ရုပ်ပိုင်းဆိုင်ရာမသန်စွမ်းမှုနဲ့ လုပ်ငန်းတိုင်းကို လုပ်ဖို့ ပိုမိုခက်ခဲမှုရှိလာပါပြီ ။ သူမရဲ့မိခင်ကလည်း စိုးရိမ်ဖွယ်အခြေအနေမှာ ရှိနေပါတယ် ။
Cai ဟာ လေးစားဖွယ်ကောင်းတဲ့သမီးလို့ ဆိုရင်လည်းမမှားပါဘူး ။ သက်ကြီးရွယ်အိုမိဘတွေကို မကြာခဏစွန့်ပစ်ခြင်း နဲ့လျစ်လျူရှုခြင်းခံရတဲ့လောကထဲမှာ သူမဟာ မိခင်ကို မစွန့်ပစ်ခဲ့တာက လေးစားစရာပါ ။ Cai ဟာ သူမလိုအပ်တဲ့အကူအညီကို ခံယူနိုင်ပြီး စိန်ခေါ်မှုများနဲ့ရင်ဆိုင်ကြုံတွေ့ရချိန်မှာ သူမခိုင်မာနေပါစေလို့ မျှော်လင့်ပါတယ် ။
Zawgyi
Leave a Reply