
အသက်၉နှစ်အရွယ်ဖြင့် စန္ဒရားနှင့် ရိုးရာတူရိယာကို တပြိုင်နက်တည်း တီးခတ်ပြခဲ့သည့် အံသြဖွယ် ပါရမီရှင်မိန်းကလေး
ကလေးငယ်တို့သည် အသက်အရွယ်အားဖြင့်သာ ငယ်ရွယ်သော်လည်း အထင်သေး၍မရသော သူများဖြစ်ကြသည်။ကလေးတို့၏ မွေးရာပါ ပါရမီနှင့် ထွန်းတောက်လာမည့် ညဏ်ရည်သည် တချိန်တွင် နိုင်ငံအတွက် အကျိုးပြုလာကြမည့်သူများဖြစ်ပေသည်။
ယခုတွင်လည်း အသက်၉နှစ်အရွယ်သာရှိသေးသော်လည်း မွေးရာပါ အနုပညာပါရမီနှင့် ကြိုးစားမှုတို့ကြောင့် တရုပ်နိုင်ငံတွင် အောင်မြင်ကျော်ကြားလာသော ကလေးတစ်ဦးဖြစ်လာခဲ့သည်။
ကလေးမလေးသူ စန္ဒရားနှင့် တရုပ်နိုင်ငံ၏ ကြိုးတပ်ရိုးရာတူရိယာတစ်မျိုးကို တစ်ပြိုင်နက်တည်းပင် တီးခတ်ပြခဲ့သည်။ထိုတီးခတ်နေသော ဗီဒီယိုလေးကို လိုင်းပေါ်သို့တင်ခဲ့ပြီး ဗီဒီယိုဟာ ချက်ချင်းပင် တစ်နိုင်ငံသို့ပျံနှံသွားခဲ့သည်။
အသက်၉နှစ်အရွယ်ဖြင့် တော်လွန်းသော အနုပညာပါရမီကြောင့် လူအများဟာ အရည်အချင်းကို အံသြခဲ့ရပြီး အထူးချီးမွန်းမှုများ ပြုလုပ်ခဲ့ရသည်။
Leave a Reply