
အသက်၇၄နှစ်အရွယ်ရောက်သည့်တိုင် ပျက်စီးသွားခြင်းမရှိသော အလှတရားများနှင့် ချောမောလှပနေဆဲဖြစ်သည့် ၁၉၆၄ခုနှစ်က သရဖူရ အလှမယ်လေး
အလှအပဆိုသောအရာဟာ များစွာသောလူသားများအတွက် မတည်မြဲသော အရာတစ်ခုဖြစ်ပြီး ကြာရှည်စွာ ထိန်းသိမ်းထားနိုင်ရန်မဖြစ်နိုင်ကြပေ။အလှမပျက်စေရန် ထိန်းသိမ်းကြသော သူများပင်လည်း အလှသည် အသက်အရွယ်ကို လွန်ဆန်နိုင်ခြင်းမရှိဘဲ အိုမင်းရင့်ရော်ခြင်းကို ရရှိခဲ့ကြသည်။
သို့သော်လည်း ယခုအခါတွင် လောက၏ သဘာဝတရားကြီးကို လွန်ဆန်ကာ အသက်အရွယ် ကြီးရင့်လာသည့်တိုင် အလှမပျက်သောသူတစ်ဦးရှိနေခဲ့သည်။
သူမသည် ထိုင်းနိုင်ငံတွင် နေထိုင်ပြီး ယခုတွင် အသက်၇၄နှစ်အရွယ်ရှိနေပြီဖြစ်သော်လည်း ဆယ်ကျော်သက်အရွယ် မိန်းမပျိုလေးတစ်ဦးလို လှပနေဆဲဖြစ်ပေသည်။
ထိုအမျိုးသမီးဟာ အလှမယ်တစ်ဦးဖြစ်ပြီး ၁၉၆၄ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ပထဆုံးသော အလှမယ်သရဖူကို ရရှိခဲ့သူတစ်ဦးဖြစ်သည်။
ထို့နောက်တွင် အာရှ၏ ၁၄ကြိမ်မြောက် အာရှအလှမယ်ပြိုင်ပွဲတွင်လည်း ဒုတိယဆုကို ရရှိခဲ့ဖူးသည်။
ယခုအချိန်တွင် သူမ၏ အလှကြောင့် လူအများဟာ အသက်အရွယ်ကို မယုံကြည်ကြသောကြောင့် သူမဟာ ၁၉၆၄ခုနှစ်က ဆုရရှိခဲ့သော အလှမယ် ဓာတ်ပုံများကို ပြသခဲ့ခြင်းဖြစ်သည်။
Leave a Reply