အသက်၆၀ပြည့်သွားသောကြောင့် ပင်စင်ယူသွားသော်လည်း ကျောင်းသိုပြန်လာပြီး တစ်တော့ဆော့ကစားခဲ့သည့် အငြိမ်းစားကျောင်းဆရာတစ်ဦး

အသက်၆၀ပြည့်သွားသောကြောင့် ပင်စင်ယူသွားသော်လည်း ကျောင်းသိုပြန်လာပြီး တစ်တော့ဆော့ကစားခဲ့သည့် အငြိမ်းစားကျောင်းဆရာတစ်ဦး

 

လောကတွင်ဆရာဆရာမတို့သည် တပည့်လေးများကို လိမ္မာရေးခြားရှိစေရန်နှင့် အတုယူမမှားစေရန်အတွက် ကိုယ်တိုင်သည် လေးစားအားကျဖွယ်ကောင်းအောင် အိန္ဒြေသိက္ခာတို့ဖြင့် နေထိုင်ကြရပေသည်။ယခုတွင်လည်း အငြိမ်းစားကျောင်းဆရာတစ်ဦးသည် စာသင်ပြစဥ်ကာလတွင် အများ၏လေးစားစံပြုရသော ဆရာတစ်ဦးအနေဖြင့် ရှိနေခဲ့သည်။

 

ထို့နောက် အသက်၆၀ပြည့်ကာ ပင်စင်ယူသွားခဲ့ရသည့်အချိန်တွင် အရင်ကမကဲခဲ့ရသည်များကို ပေါင်း၍ ကဲနေပုံရပါတယ်။ထိုဆရာဟာ သူစာသင်ကြားခဲ့သော စာသင်ကျောင်းသို့ ပြန်လည်သွားရောက်ကာ တစ်တော့ဆော့ကစားခဲ့ပါတယ်။

 

ထိုတစ်တော့ဆော့ကစားခဲ့သည့် အငြိမ်းစားဆရာ၏ ဗီဒီယိုလေးဟာ လိုင်းပေါ်တွင် အလွန်ပင်ပျံနှံသွားခဲ့ပြီး အားပေးမှုအများအပြားရရှိခဲ့သည်။ဆရာ၏ တစ်တော့ဆော့သည့်ပရိတ်သတ်များထဲတွင် တပည့်များလည်း အများအပြားပါဝင်နေသည်ဟု သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*