
အသက်၁၀၁နှစ်အရွယ်ရှိပြီဖြစ်သော်လည်း ကျောက်ပုစွန်ဖမ်းသည့်လှေပေါ်တွင် အလုပ်လုပ်ကိုင်နေဆဲဖြစ်ပြီး အနားယူရန် အစီအစဥ်မရှိဘူးဆိုတဲ့အဖွား
လူသားတိုင်းသည် အရွယ်တစ်ခုရောက်လာခဲ့ပြီဆိုလျှင် ဘဝကိုရှင်သန်ဖြတ်သန်းနိုင်ရန်အတွက် အလုပ်များကို လုပ်ကိုင်ရမည်ဖြစ်ပေသည်။အသက်အရွယ်ကြီးရင့်လာလျှင် အလုပ်များကို လုပ်ကိုင်နိုင်ရန် အားနည်းလာတတ်ပြီး အနားယူခြင်းကို ဦးစားပေးလာရတာလည်းဖြစ်ပါတယ်။
သို့သော်လည်း အမေရိကန်နိုင်ငံ ဗာဂျီနီးယားပြည်နယ်မှ Max Oliverဆိုသည့် အဖွားဟာ အသက်၁၀၁နှစ်အရွယ်ရှိပြီဖြစ်သော်လည်း ကြမ်းတမ်းခက်ထန်လှသော ပင်လယ်ထဲတွင် ကျောက်ပုစွန်ဖမ်းသည့် လှေပေါ်တွင် အလုပ်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။အဖွားသည် အသက်၁၃နှစ်အရွယ်တည်းကပင် ကျောက်ပုစွန်ဖမ်းခြင်းလုပ်ငန်းကို လုပ်ကိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အဖွားဟာ အသက်အရွယ်ကြီးနေပြီဖြစ်သော်လည်း ပင်ပန်းခက်ခဲသောအလုပ်ကို အနားယူဖို့ စိတ်ကူးလုံးဝမရှိဘဲ အမြဲတမ်းလုပ်ကိုင်နေမည်ဟု ဆိုခဲ့တာဖြစ်ပါတယ်။
Zawgyi
Leave a Reply