အသက်အရွယ်ရနေပြီဆိုပေမယ့် စားဝတ်နေရေးအတွက် FoodPandaမှာ အလုပ်လုပ်နေရသေးတဲ့ အဖွား

မကြာသေးခင်က မလေးရှားနိုင်ငံရှိ စားသောက်ဆိုင်တစ်ခုမှာ ထိုင်နေပြီးဝတ်ဆင်ထားတဲ့ ဝတ်စုံကြောင့် FoodPandaမှာ အလုပ်လုပ်နေပုံရတဲ့အသက်ကြီးကြီးအဖွားတစ်ဦးရဲ့ဓာတ်ပုံကို အင်တာနက်အသုံးပြုသူတစ်ဦးက social media မှာ ဝေမျှခဲ့ပြီးနောက် အဆိုပါအဖွားကို လူသိများသွားခဲ့ပါတယ်။

 

Tiffany Chang အမည်ရှိတဲ့အမျိုးသမီးက Rock ဆိုတဲ့ကဖေးဆိုင်ရှေ့မှာ FoodPadanအိတ်လေးကို လက်မှာဆွဲထားရင်း order လက်ခံဖို့အဆင့်သင့်ဖြစ်နေခဲ့တဲ့အဆိုပါအဖွားကို ဓာတ်ပုံရိုက်ပေးခဲ့တာပါ။

Sin Chew Daily သတင်းအရ မီးခိုးရောင်ဆံပင် နှင့် မျက်မှန်ပါတပ်ထားတဲ့အဆိုပါအဖွားဟာ ရောဂါကာလမှာ သူ့အလုပ်ကို ပုံမှန်လည်ပတ်နိုင်စေဖို့ mask နှင့် လက်အိတ်များဝတ်ဆင်ခြင်း၊ မိမိရဲ့ဖုန်းကိုပါ ပလပ်စတစ်နဲ့ ကပ်ထားခြင်း စတဲ့ COVID-19 ဆိုင်ရာ ကျန်းမာရေးစည်းကမ်းအားလုံးကိုလည်း လိုက်နာနေခဲ့ပါသေးတယ်။

 

တစ်ကယ်တော့ အဆိုပါအဖွားဟာ ညီမတစ်ယောက်ရှိပြီး အရင်က အင်္ဂလိပ် မဂ္ဂဇင်းစာရေးဆရာမတစ်ယောက်ဖြစ်ခဲ့တာပါ။အခုလို ရောဂါကြောင့် သူမအလုပ်ပြုတ်သွားခဲ့ပြီး စားဝတ်နေရေးအတွက် FoodPanda မှာ အလုပ်လုပ်ဝင်လုပ်နေခဲ့ရပါတယ်။အဆိုပါဓာတ်ပုံကို နိုဝင်ဘာ ၂၆ ရက်နေ့က မျှဝေထားခဲ့ပြီး အသက်ကြီးပေမယ့် ကိုယ်တိုင်အလုပ်ကို ကြိုးစားလုပ်ကိုင်နိုင်နေသေးတဲ့အဖွားအတွက် လူအများက “အဖွားကို လေးစားတယ် ၊

ဒါက ကျွန်မအတွက် လှုံဆော်မှုတစ်ခုဘဲ ၊ ဘုရားကောင်းချီးပေးပါစေ “စတဲ့ ချီးကျူးအားပေးစကားများစွာ ပြောဆိုခဲ့ကြပါတယ်။ကံကောင်းထောက်မစွာနဲ့ အဆိုပါအဖွားရဲ့ FoodPanda orderက Ebit Lew အမည်ရှိတဲ့အခုအမျိုးသားဆီရောက်သွားခဲ့ပါတယ်။

 

Edit က အဆိုပါအဖွားအား အကြောင်းစုံမေးမြန်းခဲ့ပြီး ကားနဲ့ delivery ပို့နိုင်ဖို့အတွက် ဘယ်လိုမောင်းနှင်ရမယ်ဆိုတာကို ပြောပြရင်း ကားတစ်စီးလှူဒါန်းပေးခဲ့ပါတယ်။အဆိုပါအဖွားလည်း သဘောထားပြည့်ဝတဲ့ လူနဲ့ တိုးခဲ့ရပြီး အခုလက်ရှိမှာတော့ ကားလေးနဲ့ delivery လုပ်နေပါပြီ။

Be the first to comment

Leave a Reply

Your email address will not be published.


*