
အသက်သခင်ကျေးဇူးရှင်ကိုနှစ်တိုင်းတွေ့နေကျနေရာလေးမှာဆုံတွေ့ခွင့်ရအောင်၊မိုင်ပေါင်း(5000)ဝေးတဲ့နေရာကနေအရောက်လာလေ့ရှိတဲ့ပင်ကွင်းလေး
လွန်ခဲ့တဲ့(2011)ခုနှစ်တုန်းကအသက်(75)နှစ်အရွယ်Joao ဆိုတဲ့အမျိုးသာတစ်ဦးဟာ၊ကျွန်းတကျွန်းကိုအလည်ပတ်ရောက်ရှိခဲ့စဥ်ပင်လယ်ကမ်းစပ်နားလမ်းလျှောက်ရင်း၊ရေနံဆီပေကျံနေပီးသေခါနီးဆဲဆဲ ဖြစ်နေတဲ့ပင်ကွင်းငယ်လေးသောင်တင်နေတာကိုတွေ့ခဲ့ပါတယ်။ထို့နောက်ထိုပင်ကွင်းကိုအိမ်ခေါ်ပြန်ခဲ့ပီး၊ရေနံဆီပေနေတဲ့ကခန္ဓာကိုယ်ကိုသုတ်ပေးပီး၊အနာတရဖြစ်တဲ့နေရာတွေကိုသေချာကုသပေးခဲ့ပါတယ်။
ထိုပင်ကွင်းလေးကိုDimdimလို့အမည်ပေးထားခဲ့ပီး၊ရှစ်လလောက်ထိပြုစုကုသပေးပီးတဲ့အခါမှာတော့၊ကျန်းမာရေးကောင်းသွားခဲ့တဲ့ပင်ကွင်းလေးDimdimကို၎င်းတွေ့ခဲ့တဲ့ပင်လယ်မှာပဲပြန်လွတ်ပေးခဲ့ပါတယ်။
ထိုအချိန်မှစပီးပင်ကွင်းလေးDimdimဟာ၊နှစ်တိုင်းအသက်သခင်ကျေးဇူးရှင်ဖြစ်တဲ့Joaoကို၎င်းတို့စတင်တွေ့ခဲ့တဲ့ပင်လယ်ခရီးကိုလာဖို့၊မိုင်ပေါင်း(5000)ကွာဝေးတဲ့အာဂျင်တီးနားနဲ့ချီလီပင်လယ်ကမ်းစပ်ကြားမှာနေထိုင်ကျက်စားတဲ့နေရာကနေ၊ရောက်အောင်လာတွေ့ခဲ့ပါတယ်။
Dimdimဟာအခြားသူစိမ်းတွေထိတွေ့လို့မရပဲ၊Joaoတစ်ယောက်တည်းသာလျှင်ထိတွေ့လို့ရတယ်လို့သိရပါတယ်။Joaoကတော့နှစ်စဥ်ထိုပင်ကွင်းလေးကိုတွေ့ဖို့၊ဇွန်လတိုင်းထိုပင်လယ်ကျွန်းလေးကိုသွားလေ့ရှိတယ်လို့သိရပါတယ်။ထိုပင်ကွင်းလေးDindimဟာလဲJaoaကိုတွေ့တိုင်းအမြီးတနှံ့နှ့နဲ့၊အသံပါပေးတတ်ပီးJaoaကိုတွေ့တိုင်းပျော်ရွှင်နေခဲ့ပါတယ်။ကျေးဇူးရှင်မှန်းသိတဲ့Dindimလေးနဲ့၊Joaoရဲ့သံယောဇဥ်လေးကတော့တွေ့မိသူတိုင်းကြည်နူးမိမှာအမှန်ပါပဲ။
Leave a Reply