အသက်ဝဝရှူတာက သွေးတိုးရောဂါကုသရာမှာ အထောက်အကူဖြစ်

အသက် ကို ဖြည်းဖြည်းမှန်မှန်ရှူဖို့ သတိထားလုပ်ဆောင်မှုက အာရုံခံစနစ်ကို  နိုးကြားစေပြီး  ခန္ဓာကိုယ်အနှံ့မှာ အကျိုးပြုဟော်မုန်းတွေကို ထုတ်လွှတ်စေတယ်။

အသက်ကို  ဘယ်လိုရှူရှိုက်ရမလဲဆိုတာကို သင်ယူတာက စောစောစီးစီးသိတဲ့ သွေးတိုးရောဂါကို ကုသပေးနိုင်တယ်လို့ လေ့လာမှုအသစ်တစ်ရပ်အရ သိရပါတယ်။
အသက်ရှူတာကို ထိန်းချုပ်ထားတဲ့ အာရုံကြောဆဲလ်တွေက သွေးဖိအားကိုလည်း ထိန်းချုပ်ထားတာကြောင့် အသက်ကိုဝဝရှိုက်ပြီး ရှူပေးတာက သွေးပေါင်ချိန်ကျအောင် အထောက်အကူပေး နိုင်တယ်လို့ သိပံပညာရှင်တွေက ဆိုပါ တယ်။


သွေးတိုးရောဂါ ဒါမှမဟုတ် ပုံမှန် မဟုတ်တဲ့သွေးဖိအားမြင့်တက်မှုဟာ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ ဆီးချိုရောဂါနဲ့ လေဖြတ်ဝေဒနာတွေကို ဖြစ်ပေါ်ခံစား ရစေနိုင်တဲ့အကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။
အမေရိကန်မှာ သွေးတိုးရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်နေပြီး အရွယ်ရောက်ပြီးသူ သုံးဦးမှာ တစ်ဦးဟာ သွေးတိုးရော ဂါခံစားနေကြရပါတယ်။

အသက်ရှူတာနဲ့သွေးဖိအား တို့ဟာ နှလုံးနဲ့သွေးကြောတွေကို  အချက်ပြမှုတွေ ပေးပို့ပေးတဲ့အာရုံခံနာ့ဗ်ကြောစနစ်ကနေတစ်ဆင့် လုပ်ဆောင်မှုပိုင်းအရ ဆက်စပ်နေပါတယ်။

လူငယ်တွေမှာ အာရုံကြောလုပ် ဆောင်မှုကို ကြားဝင်ဟန့်တားလိုက်တဲ့အခါ  သွေးဖိအား ကို ထိန်းချုပ်လိုက်နိုင်တာ ကို ဩစတြေးလျားမှာရှိတဲ့ မဲလ်ဘုန်းတက္ကသိုလ်နဲ့ Macquaire တက္ကသိုလ်ကသုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

အသက် ကို ဖြည်းဖြည်းမှန်မှန်ရှူဖို့ သတိထားလုပ်ဆောင်မှုက အာရုံခံစနစ်ကို  နိုးကြားစေပြီး  ခန္ဓာကိုယ်အနှံ့မှာ  အကျိုးပြု ဟော်မုန်းတွေကို ထုတ်လွှတ်စေတယ်လို့ နယူးယောက်မှာရှိတဲ့ Sonic Yoga ကို တည်ထောင်သူနဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ လော်ရန်းဟန်နာက ပြောပါတယ်။

‘သွေးဖိအားကျဆင်းသွားတဲ့အခါ နှ လုံးသွေးကြောရဲ့စွမ်းဆောင်ရည်မြင့်မား လာစေသလို အသက်ရှည်စေဖို့အတွက်လဲ  အထောက်အကူပြုတယ်”လို့ သူက  ဆိုပါတယ်။
အသက်ကို ဖြည်းဖြည်းမှန်မှန်နဲ့ဝဝ ရှိုက်ရှူတာက  ခန္ဓာကိုယ်ကို အောက်ဆီဂျင် ပမာဏ ပြည့်ပြည့်ဝဝရရှိစေတယ်လို့ သုတေသနမှာတွေ့ရှိပါတယ်။
‘ကျွန်မတို့ရဲ့ခန္ဓာကိုယ်က အောက်ဆီ ဂျင်နဲ့လည်ပတ်နေတာဖြစ်ပြီး အောက်ဆီဂျင် က လောင်စာပဲ”လို့ ဟန်နာက ပြောပါ တယ်။

‘ဒါကြောင့် အောက်ဆီဂျင် ပိုမိုရရှိတဲ့ အခါ ခန္ဓာကိုယ် အတွက် အားအင်ဖြစ်စေ ပြီး ကိုယ်အင်္ဂ ါအစိတ်အပိုင်းတွေကို သန့် စင်စေပါတယ်၊ အောက်ဆီဂျင်ပိုမိုရရှိတာ က ခန္ဓာကိုယ် အတွက် ပိုမိုကောင်းမွန်စေသလို ခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေကိုလည်း ပိုကောင်းစေတယ်˘

အသက်ကိုရှိုက်ပြီး ရှူတာက သွေး ကြောတွေထဲကို အောက်ဆီဂျင်ပေးပို့နိုင် တာကြောင့် သေ∑းစီးဆင်းမှုကို တိုးတက်ကောင်းမွန်စေသလို သွေးကြောထဲက သွေးစီးဆင်းမှုကို အဟန့်အတားဖြစ်နိုင်ခြေကို ကျဆင်းစေပြီး  နှလုံးခုန်နှုန်း ကို လည်း ထိန်းညှိပေးပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*