အသက်ကြီးမှ စိတ်ဆိုးပြေသည်ဟုပြောရမည့် ကွာရှင်းပြီး ၅၅နှစ်အကြာမှ ပြန်လည်လက်ထပ်ခဲ့ကြသည့် အသက်၇၇နှစ်အရွယ်ဖိုးဖိုးနှင့်ဖွားဖွား

အသက်ကြီးမှ စိတ်ဆိုးပြေသည်ဟုပြောရမည့် ကွာရှင်းပြီး ၅၅နှစ်အကြာမှ ပြန်လည်လက်ထပ်ခဲ့ကြသည့် အသက်၇၇နှစ်အရွယ်ဖိုးဖိုးနှင့်ဖွားဖွား

အသက်၇၇နှစ်ကိုယ်စီ ရှိနေကြပြီဖြစ်သည့် ဖိုးဖိုးနှင့်ဖွားဖွားတို့ဟာ လွန်ခဲ့သော၁၉၅၆ခုနှစ်တွင် အလယ်တန်းကျောင်းသားဘဝတွင် အတန်းအတူတူတက်ခဲ့ကြသည့် သူငယ်ချင်းများဖြစ်ပါတယ်။ထိုမှတစ်ဆင့် လူငယ်တို့၏ သဘာဝတဖြည်းဖြည်းနှင့် ရင်းနှီးမှုများ ပိုမိုနက်နဲလာကာ ၁၉၆၁ခုနှစ် သူတို့၏ အသက်၁၈နှစ်အရွယ်တွင်ပင် လက်ထပ်ခဲ့ကြသည်ဟုသိရပါတယ်။

ထို့နောက်တွင် ကလေးတစ်ဦးမွေးဖွားခဲ့ပြီးချိန်၌ ခင်ပွန်းဖြစ်သူဟာ အလုပ်များကို ပင်ပန်းသည်ဟုအကြောင်းပြကာ မိသားစုကို ဂရုစိုက်မှုမရှိဘူးဟု ဇနီးသည်က စွပ်စွဲပြောဆိုလာခဲ့ကြပါတယ်။ထိုမှတစ်ဆင့် တစ်ဦးတစ်ဦး စိမ်းကားလာကာ လက်ထက်ပြီး လေးနှစ်အကြာတွင် ကွာရှင်းခဲ့ကြပါတယ်။

ထို့နောက်တွင် အဖိုးဟာ ဇနီးနှစ်ယောက်ထပ်ယူခဲ့ပြီး အဖွားဟာလည်း ယောကျာ်းတစ်ယောက်ထပ်ယူခဲ့ကြပါတယ်။သို့သော်လည်း အသက်၇၇နှစ်အရွယ်အရောက်မှာတော့ အဖိုးနှင့်အဖွားတို့ဟာ ပြန်လည်လက်ထပ်ခဲ့တာဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*