
အသက်ကြီးပေမဲ့ အချစ်တွေမပျက်စီးသေးကြောင်းကို နှင်းဆီပန်းချစ်တဲ့ ဇနီးသည်အတွက် အိမ်ခေါင်းမိုးပေါ်တွင် နှင်းဆီပန်းဥယျာဉ်လေးဖန်တီးပေးပြီး သက်သေပြခဲ့သည့်ခင်ပွန်း
အချစ်စစ်အချစ်မှန်နှင့်ချစ်သူတို့အတွက် ပျော်ရွင်မှုသည် အချိန်အခါတိုင်းတွင် ရှင်သန်ပေါက်ဖွားနေမည်ဖြစ်ပေသည်။အသက်အရွယ်အိုမင်းနေသူဖြစ်ပါစေ အချစ်စစ်နှင့် ချစ်သူတို့သည် မိမိ၏ချစ်သူလေးအပေါ်တွင် အရိပ်တကြည့်ကြည့်နှင့် ရှိနေတတ်ပေသည်။
ယခုတွင်လည်း အမျိုးသားတစ်ဦးသည် သူ၏ဇနီးသည်လေးကို အံ့အားသင့်သွားအောင် ပြုလုပ်ခဲ့ပြီး လူငယ်ချစ်သူစုံတွဲများကိုပင် မနာလိုဖြစ်စေခဲ့ရပါတယ်။ထိုအမျိုးသားဟာ နှင်းဆီပန်းလေးတွေကို အလွန်ကြိုက်နှစ်သက်သည့် ဇနီးသည်လေးအတွက် နှင်းဆီပန်းဥယျာဥ်လေးကို ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။
အမျိုးသားဟာ နှင်းဆီးပန်းအိုး၁၀၀ကျော်ကို ကိုယ်တိုင်ပြုလုပ်ခဲ့ပြီး အိမ်ခေါ်မိုးပေါ်တွင် တစ်လကျော်ကြာအောင် ပြုစုပျိုးထောင်ခဲ့တာဖြစ်ပါတယ်။
Leave a Reply