အဝေးပြေးကားမှာ ရှေ.ခုံပေါ်ကို ခြေထောက်တင်ပြီး စီးတဲ့ ရိုင်းစိုင်းလွန်းတဲ့ နိုင်ငံခြားသူ

ဘန်ကောက်ကနေ Sukhothai ကို ပြေးဆွဲနေတဲ့ အဝေးပြေးကားတစ်စီးမှာ ရှေ.ခုံက အမျိုးသားရဲ. ခေါင်းဘေး နေရာလွတ်မှာ နိုင်ငံခြားသူက ရိုင်းပြစွာ ခြေထောက်တင်ပြီး စီးလာတာပါ ၊ သူမကို ဖယ်ပေးဖို့ ဆိုပေမယ့် သူကမက ငြင်းဆန်ခဲ့ပါတယ်။

သူမဟာ ပြင်သစ်သူလို့ ယူဆရပြီး ရှေ.ခုံက ခရီးသည်က ယဉ်ကျေးစွာပဲ တင်ထားတဲ့ ခြေထောက်ကို ချပေးဖို့ တောင်းဆိုပေမယ့် သူမကတော့ ချမပေးခဲ့ပါဘူး ၊ ခြေထောက်ကို စက္ကန့်ပိုင်းလောက်ပဲ ချခဲ့ပြီး သိပ်မကြာခင် ပြန်တင်လိုက်တာပါ။

ဒါကို ခရီးသွားအမျိုးသားက အမိအရ ဓါတ်ပုံရော ဗီဒီယိုပါ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။ ဒါ့အပြင်သူမဟာ မျက်နှာလေး လှပေမယ့် စရိုက်ကျလွန်းသူလို့ ဆိုရမှာပါ ၊ ရှေ.ခုံက အမျိုးသားက သူမရဲ. ခြေအိတ်က ဆိုးရွားာတဲ့ အနံလည်း ထွက်နေပြီး ခြေထောက်ကို အခုလို အပေါ်တင်ထားတော ကားတစ်စီးလုံးလည်း အနံဆိုးတာကို ခံစားခဲ့ရပါတယ်။

လူတစ်ယောာက်ရဲ. ခေါင်းပေါ်ထက်ကျော်ပြီး ခြေထောက်ကို အခုလိုထားခြင်းဟာ အလွန်ပဲ ရိုင်းစိုင်းတဲ့ အပြုအမူဆိုတာ ဒီအမျိုးသမီးအနေနဲ့ မသိတာလား တမင်ပဲ ပြုလုပ်တာလားဆိုတာတော့ အင်တာနက်အသုံးပြုသူတွေကြား ဆဲဆိုစရာတစ်ခု ဖြစ်စေခဲ့ပါပြီ။

Be the first to comment

Leave a Reply

Your email address will not be published.


*