အဝလွန်နေတဲ့မျောက်ကို ကိုယ်အလေးချိန် လျှော့ချနိုင်ဖို့ကြိုးစားနေကြရတဲ့အဖြစ် (ရုပ်သံ)

အဝလွန်နေတဲ့မျောက်ကို ကိုယ်အလေးချိန် လျှော့ချနိုင်ဖို့ကြိုးစားနေကြရတဲ့အဖြစ် (ရုပ်သံ)

ထိုင်းနိုင်ငံမှာ မျောက်တွေကို အိမ်မွေးတိရိစ္ဆာန်များအဖြစ် ပြုစုစောင့်ရှောက်ကြတဲ့ မိသားစုတွေ အများကြီးရှိပါတယ်။ ၃ နှစ်အရွယ် Godzilla လို့ခေါ်တဲ့ မျောက်တစ်ကောင်ကို ထိုင်းမိသားစုမှ မွေးစားခဲ့သော်လည်း နောက်ပိုင်းတွင်မှာ တောရိုင်းတိရစ္ဆာန်အာဏာပိုင်များက သိမ်းယူခဲ့ပါတယ်။

မင်းဘူရီဈေးကွက်က မျောက်ရဲ့ပိုင်ရှင် Mr. Manop Emsan ထံမှ အာဏာပိုင်များက ခေါ်ဆောင်သွားခြင်းဖြစ်ပါတယ်။ အကြောင်းမှာ Godzilla ဟာ အစမှာ သူ့ရဲ့အလေးချိန်က ၈-၁၀ ကီလိုဂရမ်သာရှိပြီး ယခုမှာ အလေးချိန် ၂၀ ကီလိုဂရမ်ဖြစ်နေသောကြောင့် အလေးချိန်ကို ပြန်လည်လျော့ချရန် တိရိစ္ဆာန်ရုံ အာဏာပိုင်တွေက ခေါ်ဆောင်သွားကြတာပါ။ “ မျောက်ဟာ အဝလွန်နေတာမို့ အစာလျော့ဖို့လိုတယ် ” လို့ တောရိုင်းတိရစ္ဆာန်အရာရှိများထဲမှ Mr. Phuwanak Krumnoi က ပြောကြားခဲ့ပါတယ်။

ဒီမျောက်အလေးချိန် ပြန်လည်လျော့ချခြင်းဟာ ပထမဦးဆုံးအကြိမ် မဟုတ်ဘဲ ၂၀၁၇ ခုနှစ်မှာ “ Uncle Fatty” အမည်ရှိ မျောက်တစ်ကောင်ဟာလည်း အလွန်အမင်း ကိုယ်အလေးချိန်တက်ခြင်းကြောင့် ပြန်လည်လျော့ချခံခဲ့ရပါတယ်။

Zawgyi





 

Be the first to comment

Leave a Reply

Your email address will not be published.


*