အဝတ်ထုတ်နဲ့ ဝမ်းနည်းမျက်ရည်ကျပြီး လမ်းလျှောက်နေတဲ့ မိခင်ကို တွေ့လိုက်တဲ့အခါ သူ့ဇနီးရဲ့ စိတ်ရင်းအမှန်ကို သိလာခဲ့ရတဲ့ အမျိုးသား

အဝတ်ထုတ်နဲ့ ဝမ်းနည်းမျက်ရည်ကျပြီး လမ်းလျှောက်နေတဲ့ မိခင်ကို တွေ့လိုက်တဲ့အခါ သူ့ဇနီးရဲ့ စိတ်ရင်းအမှန်ကို သိလာခဲ့ရတဲ့ အမျိုးသား

ကျေးလက်တောရွာတစ်ခုမှာ ဆင်းရဲတဲ့စုံတွဲတစ်တွဲက သားတစ်ယောက်ရှိခဲ့ပါတယ် ။ သူတို့က ဆင်းရဲလွန်းတာကြောင့် လင်မယားနှစ်ယောက်က စားဝတ်နေရေးအတွက် အမြဲရုန်းကန်ခဲ့ရပါတယ် ။ ဆင်းရဲမွဲတေနေသော်လည်း သူတို့ဇနီးမောင်နှံက သားလေးကို အလုပ်မပေးလုပ်ဘဲ သူတို့မှာ ပိုက်ဆံရှိသလောက် သူတို့သားရဲ့ ပညာရေးအတွက် လိုအပ်တာမှန်သမျှကို သေချာအောင်လုပ်ပေးနိုင်ပြီး ပိုကောင်းတဲ့အနာဂတ်အတွက် သူကြိုးစားလေ့လာဖို့ ပြောခဲ့ပါတယ် ။ ကျေးဇူးတင်စရာမှာ နောက်ပိုင်းတော့ သားဖြစ်သူက ဘွဲ့ရပြီးနောက် မြို့မှာ ကောင်းမွန်တဲ့ အလုပ်တစ်ခုရရှိခဲ့ပြီး နောက်ပိုင်းတွင် သူတည်ထောင်ခဲ့တဲ့ ကုမ္ပဏီက မြို့မှာ အအောင်မြင်ဆုံးကုမ္ပဏီတစ်ခုဖြစ်လာတာနဲ့ အမျှ သူ့ရဲ့ကံဆိုးမှုက ရောက်ရှိလာပါတော့တယ် ။

သိပ်မကြာခင်မှာပဲ သားလေးက လှပတဲ့ အမျိုးသမီးတစ်ဦး နဲ့ လက်ထပ်ပြီးနောက် မြို့ထဲလာနေရန် မိဘတွေကို တောင်းဆိုခဲ့သော်လည်း မိဘတွေက သူတို့ ဇာတိရွာလေးမှာ နေရတာပိုအဆင်ပြေတာကြောင့် မိဘတွေက ငြင်းဆန်ခဲ့ပါတယ် ။သားကလည်း သူ့မိဘရဲ့ဆန္ဒကိုနားလည်သဘောပေါက်ခဲ့လို့ မိဘတွေကိုမြို့ထဲနေဖို့ အတင်းမတောင်းဆိုခဲ့ပါဘူး ။ ဒါပေမဲ့ အဖေဆုံးသွားတဲ့အခါ အမေက ရွာမှာ တစ်ယောက်တည်းကျန်ရစ်ခဲ့ရပါတယ် ။

သူ့အမေရဲ့ကောင်းကျိုးချမ်းသာနဲ့လုံခြုံစိတ်ချရမှုအတွက် စိုးရိမ်ပြီး နောက်ပိုင်းမှာ သားဖြစ်သူက မြို့ထဲမှာနေဖို့ သူ့အမေကို ဖျောင်းဖျခဲ့ပါတယ် ။ မိခင်ကလည်း သားနဲ့ အတူနေဖို့ သဘောတူလိုက်ပါတယ် ။မိခင်ဖြစ်သူက သားနဲ့ အတူနေခဲ့သော်လည်း မြို့မှာနေရတယ် အဆင်မပြေခဲ့ပါဘူး ။မြို့တော်မှာ ကြီးပြင်းလာတဲ့ ချွေးမက သူ့သူမယောက္ခမ ရွာကနေ ပြောင်းလာကတည်းက အထင်သေးနေခဲ့ပါတယ် ။ သားဖြစ်သူ အလုပ်သွားတဲ့အခါ ချွေးမက အမေကို ကျွန်အဖြစ် ဆက်ဆံပြီး အိမ်မှုကိစ္စတွေလုပ်ခိုင်းခဲ့ပါတယ် ။ အမေက သားဖြစ်သူကို စိတ်မပူစေလိုတာကြောင့် သားကို မပြောဘဲ အချိန်တွေကြာလာခဲ့ပါတယ် ။

တစ်နေ့မှာ ချွေးမဖြစ်သူက ဒေါသထွက်လာပြီး မိခင်ကို ရွာပြန်သွားခိုင်းလိုက်ပါတယ် ။ မိခင်ဖြစ်သူကလည်း အိမ်ဟောင်းကို ပြန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ ဒါပေမဲ့ အိမ်အပြန်လမ်းမှာ သားဖြစ်သူက ဝမ်းနည်းမျက်ရည်နဲ့ အမေကို တွေ့ပြီး သူ့အမေရဲ့ အိတ်ကို ဆွဲထားခဲ့ပါတယ် ။ သားက အံ့သြသွားပြီး အမေဘာလို့ ရွာကို ရုတ်တရက်ပြန်ချင်တာလဲ လို့ မေးခဲ့လိုက်ပါတယ် ။

သူ့အမေက ရွာကိုပြန်ချင်ရတဲ့အကြောင်းရင်းအမှန်က သူ့မိန်းမက သူ့အမေအပေါ် မရိုးမသားပြုမူဆက်ဆံခြင်းကြောင့်ကို နောက်ပိုင်းမှသာ သူသိလာခဲ့ပါတယ် ။ ဒါ့ကြောင့် သူက သူ့ရဲ့ တစ်ဦးတည်းသောမိခင်ကို ဆုံးရှုံးခြင်းထက် သူ့ရဲ့ကျေးဇူးကန်းတဲ့ ဇနီးနဲ့ ကွာရှင်းတာက အကောင်းဆုံးလို့ သူဆုံးဖြတ်ခဲ့ပါတယ် ။ သူ့ဇနီးက သူ့ပိုက်ဆံကြောင့် ချစ်တာကိုသိပြီး ဘာပဲဖြစ်ဖြစ် သူ့အမေက သူ့ကိုခြွင်းချက်မရှိ မေတ္တာအစစ်အမှန် နဲ့ ချစ်တယ် ဆိုတာ သူသိခဲ့ရပါတယ် ။

Zawgyi

အဝတ္ထုတ္နဲ႔ ဝမ္းနည္းမ်က္ရည္က်ၿပီး လမ္းေလွ်ာက္ေနတဲ့ မိခင္ကို ေတြ႕လိုက္တဲ့အခါ သူ႔ဇနီးရဲ႕ စိတ္ရင္းအမွန္ကို သိလာခဲ့ရတဲ့ အမ်ိဳးသား

ေက်းလက္ေတာ႐ြာတစ္ခုမွာ ဆင္းရဲတဲ့စုံတြဲတစ္တြဲက သားတစ္ေယာက္ရွိခဲ့ပါတယ္ ။ သူတို႔က ဆင္းရဲလြန္းတာေၾကာင့္ လင္မယားႏွစ္ေယာက္က စားဝတ္ေနေရးအတြက္ အၿမဲ႐ုန္းကန္ခဲ့ရပါတယ္ ။ ဆင္းရဲမြဲေတေနေသာ္လည္း သူတို႔ဇနီးေမာင္ႏွံက သားေလးကို အလုပ္မေပးလုပ္ဘဲ သူတို႔မွာ ပိုက္ဆံရွိသေလာက္ သူတို႔သားရဲ႕ ပညာေရးအတြက္ လိုအပ္တာမွန္သမွ်ကို ေသခ်ာေအာင္လုပ္ေပးႏိုင္ၿပီး ပိုေကာင္းတဲ့အနာဂတ္အတြက္ သူႀကိဳးစားေလ့လာဖို႔ ေျပာခဲ့ပါတယ္ ။ ေက်းဇူးတင္စရာမွာ ေနာက္ပိုင္းေတာ့ သားျဖစ္သူက ဘြဲ႕ရၿပီးေနာက္ ၿမိဳ႕မွာ ေကာင္းမြန္တဲ့ အလုပ္တစ္ခုရရွိခဲ့ၿပီး ေနာက္ပိုင္းတြင္ သူတည္ေထာင္ခဲ့တဲ့ ကုမၸဏီက ၿမိဳ႕မွာ အေအာင္ျမင္ဆုံးကုမၸဏီတစ္ခုျဖစ္လာတာနဲ႔ အမွ် သူ႔ရဲ႕ကံဆိုးမႈက ေရာက္ရွိလာပါေတာ့တယ္ ။

သိပ္မၾကာခင္မွာပဲ သားေလးက လွပတဲ့ အမ်ိဳးသမီးတစ္ဦး နဲ႔ လက္ထပ္ၿပီးေနာက္ ၿမိဳ႕ထဲလာေနရန္ မိဘေတြကို ေတာင္းဆိုခဲ့ေသာ္လည္း မိဘေတြက သူတို႔ ဇာတိ႐ြာေလးမွာ ေနရတာပိုအဆင္ေျပတာေၾကာင့္ မိဘေတြက ျငင္းဆန္ခဲ့ပါတယ္ ။သားကလည္း သူ႔မိဘရဲ႕ဆႏၵကိုနားလည္သေဘာေပါက္ခဲ့လို႔ မိဘေတြကိုၿမိဳ႕ထဲေနဖို႔ အတင္းမေတာင္းဆိုခဲ့ပါဘူး ။ ဒါေပမဲ့ အေဖဆုံးသြားတဲ့အခါ အေမက ႐ြာမွာ တစ္ေယာက္တည္းက်န္ရစ္ခဲ့ရပါတယ္ ။

သူ႔အေမရဲ႕ေကာင္းက်ိဳးခ်မ္းသာနဲ႔လုံၿခဳံစိတ္ခ်ရမႈအတြက္ စိုးရိမ္ၿပီး ေနာက္ပိုင္းမွာ သားျဖစ္သူက ၿမိဳ႕ထဲမွာေနဖို႔ သူ႔အေမကို ေဖ်ာင္းဖ်ခဲ့ပါတယ္ ။ မိခင္ကလည္း သားနဲ႔ အတူေနဖို႔ သေဘာတူလိုက္ပါတယ္ ။မိခင္ျဖစ္သူက သားနဲ႔ အတူေနခဲ့ေသာ္လည္း ၿမိဳ႕မွာေနရတယ္ အဆင္မေျပခဲ့ပါဘူး ။ၿမိဳ႕ေတာ္မွာ ႀကီးျပင္းလာတဲ့ ေခြၽးမက သူ႔သူမေယာကၡမ ႐ြာကေန ေျပာင္းလာကတည္းက အထင္ေသးေနခဲ့ပါတယ္ ။ သားျဖစ္သူ အလုပ္သြားတဲ့အခါ ေခြၽးမက အေမကို ကြၽန္အျဖစ္ ဆက္ဆံၿပီး အိမ္မႈကိစၥေတြလုပ္ခိုင္းခဲ့ပါတယ္ ။ အေမက သားျဖစ္သူကို စိတ္မပူေစလိုတာေၾကာင့္ သားကို မေျပာဘဲ အခ်ိန္ေတြၾကာလာခဲ့ပါတယ္ ။

တစ္ေန႔မွာ ေခြၽးမျဖစ္သူက ေဒါသထြက္လာၿပီး မိခင္ကို ႐ြာျပန္သြားခိုင္းလိုက္ပါတယ္ ။ မိခင္ျဖစ္သူကလည္း အိမ္ေဟာင္းကို ျပန္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္ ။ ဒါေပမဲ့ အိမ္အျပန္လမ္းမွာ သားျဖစ္သူက ဝမ္းနည္းမ်က္ရည္နဲ႔ အေမကို ေတြ႕ၿပီး သူ႔အေမရဲ႕ အိတ္ကို ဆြဲထားခဲ့ပါတယ္ ။ သားက အံ့ၾသသြားၿပီး အေမဘာလို႔ ႐ြာကို ႐ုတ္တရက္ျပန္ခ်င္တာလဲ လို႔ ေမးခဲ့လိုက္ပါတယ္ ။

သူ႔အေမက ႐ြာကိုျပန္ခ်င္ရတဲ့အေၾကာင္းရင္းအမွန္က သူ႔မိန္းမက သူ႔အေမအေပၚ မ႐ိုးမသားျပဳမူဆက္ဆံျခင္းေၾကာင့္ကို ေနာက္ပိုင္းမွသာ သူသိလာခဲ့ပါတယ္ ။ ဒါ့ေၾကာင့္ သူက သူ႔ရဲ႕ တစ္ဦးတည္းေသာမိခင္ကို ဆုံးရႈံးျခင္းထက္ သူ႔ရဲ႕ေက်းဇူးကန္းတဲ့ ဇနီးနဲ႔ ကြာရွင္းတာက အေကာင္းဆုံးလို႔ သူဆုံးျဖတ္ခဲ့ပါတယ္ ။ သူ႔ဇနီးက သူ႔ပိုက္ဆံေၾကာင့္ ခ်စ္တာကိုသိၿပီး ဘာပဲျဖစ္ျဖစ္ သူ႔အေမက သူ႔ကိုႁခြင္းခ်က္မရွိ ေမတၱာအစစ္အမွန္ နဲ႔ ခ်စ္တယ္ ဆိုတာ သူသိခဲ့ရပါတယ္ ။

Be the first to comment

Leave a Reply

Your email address will not be published.


*