အလှမွေးငါးကို ချစ်ဖို့ကောင်းလွန်းလို့ဆိုပြီး ဖက်အိပ်ခဲ့တဲ့ ကလေးငယ်

အလှမွေးငါးကို ချစ်ဖို့ကောင်းလွန်းလို့ဆိုပြီး ဖက်အိပ်ခဲ့တဲ့ ကလေးငယ်

အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ Everett Hamlin အမည်ရှိတဲ့ 4 နှစ်သားအရွယ်ကောင်လေးဟာ သူ့ရဲ့အလှမွေးငါးလေးကို အရမ်းချစ်တယ်ဆိုတာကို သက်သေပြချင်ခဲ့ပုံပါပဲ ။ အခြားအိမ်မွေး ခွေး ၊ ကြောင်တွေလို ဖက်အိပ်ခြင်းက ချစ်ခြင်းမေတ္တာကို ဖော်ပြနေတယ်လို့ ယုံကြည်နေခဲ့တဲ့ Everett အနေနဲ့တော့ အလှမွေးငါးကန်းထဲက ငါးကို ဖမ်းယူပြီး အတူတူ ဖက်အိပ်ခဲ့ပါတော့တယ် ။ မိခင်ဖြစ်သူက တစ်ရေးနှိုးလို့ ငါးကန်ကို သွားရောက်ကြည့်ခဲ့ချိန်မှာတော့ ငါးမရှိတော့လို့ Everett ဆီသွားကြည့်ခဲ့ချိန်မှ အဖြစ်မှန်ကိုသိခဲ့ရတာပါ ။

Everett ကိုနှိုးထပြီး ငါးလေးကိုကြည့်ခဲ့ပေမဲ့ ငါးလေးကတော့ ထင်ထားတဲ့အတိုင်း အသက်မရှုတော့ပါဘူး ။ မိခင်ဖြစ်သူက အမှားနောက်ထပ်မကျူးလွန်အောင် သားငယ်လေးကို သေချာရှင်းပြခဲ့ပါတယ် ။ Everett ကလည်း ‘ ဟုတ်ကဲ့ ၊ ကျွန်တော်တို့ ငါးထပ်ဝယ်ကြမယ် ပြီးရင်တော့ ကျွန်တော်လုံးဝမထိတော့ပါဘူး ၊ ငါးသွားမျှားတဲ့အချိန်မှ ငါးတွေကို ထိတော့မယ် ‘ ဆိုပြီး မိခင်ကို ပြောဆိုခဲ့ပါတယ် ။ မိခင်ဖြစ်သူကတော့ အမှားကနေ အမှန်ကိုသင်ယူတတ်တဲ့ကလေးအဖြစ် သားလေးကိုကြီးပြင်းစေချင်ပြီး နောက်ထပ်ငါးတစ်ကောင်း ဝယ်ပေးဖို့လည်း ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ် ။

#3

#4

#5

#6

#7

 

Be the first to comment

Leave a Reply

Your email address will not be published.


*