
အလှမယ်ပြိုင်ပွဲတွင် မိတ်ကပ်လုံးဝမလိမ်းဘဲ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ဒိုင်လူကြီးများကို အံ့အားသင့်စေခဲ့ကာ နောက်ဆုံးစကာတင်အဆင့်ထိ ရွေးချယ်ခံခဲ့ရသည့် ကောင်မလေး
မော်ဒယ်အလှမယ်ပြိုင်ပွဲသည် မျက်မှောက်ခေတ်ကာလတွင် အလွန်နာမည်ကြီးပြီး လူကြိုက်များလာသော အစီအစဥ်တစ်ခုဖြစ်ပါတယ်။အောင်မြင်သောအလှမယ်တစ်ဦးဖြစ်လာခဲ့ပါက ငွေကြေးများစွာကြွယ်ဝချမ်းသာလာစေမှာ အသေအချာပင်ဖြစ်ပါတယ်။
ထို့ကြောင့် မော်ဒယ်ပြိုင်ပွဲတွင် ကောင်မလေးတွေဟာ အစွမ်းကုန်လှပအောင်ပြင်ဆင်ပြီး ပြိုင်ပွဲဝင်ကြပါတယ်။သို့သော်လည်း အင်္ဂလန်နိုင်ငံ တောင်ပိုင်းတွင်နေထိုင်သော ကျောင်းသူမလေးMelisa Raoufဆိုသည့် ကောင်မလေးဟာ ၉၄ကြိမ်မြောက် Miss Englandပြိုင်ပွဲတွင် ဝင်ပြိုင်ရာ၌ မိတ်ကပ်မလိမ်းဘဲ သဘာဝအတိုင်းဝင်ပြိုင်ခဲ့ပါတယ်။
ထိုအခါ ဒိုင်များကပင် မယုံနိုင်အောင် ဖြစ်ခဲ့ရပြီး ကောင်မလေး၏သဘာဝအလှတရား၏ချောမောမှုကြောင့် နောက်ဆုံးစကာတင်အဆင့်ထိရွေးချယ်ခံထားရပါတယ်။
Zawgyi
Leave a Reply