
များစွာတဲ့ခွေးပိုင်ရှင်တွေလိုဘဲ ဆွစ်ဇာလန်နိုင်ငံရှိ Agnieszka Ciszyńska အမည်ရှိတဲ့အမျိုးသမီးကလည်း သူမရဲ့ခွေးလေးတွေကို ဓာတ်ပုံရိုက်ပေးရတာကို နှစ်သက်သူပါ။
ခွေးလေးတွေကလည်း သခင့်စေရာအတိုင်း ဓာတ်ပုံရိုက် pose ပေးတတ်ကြပါတယ်။ Ciszyńska က Fenris ၊ Björn နဲ့ Walkiria ဆိုတဲ့သူမခွေးလေးသုံးကောင်ရဲ့ ရယ်စရာကောင်းတဲ့ snap ရိုက်ချက်တွေကို မျှဝေခဲ့ပြီးနောက်မှာဘဲ social media မှာ လူသိများသွားခဲ့ပါတယ်။
ခရီးသွားတစ်ဦးဖြစ်တဲ့ Ciszyńska က သူမရဲ့ဓာတ်ပုံဆရာ ခင်ပွန်း Michael နဲ့ ခွေးလေးသုံးကောင်တို့နဲ့အတူ ကမ္ဘာလှည့်ပြီး သူတို့ရဲ့ social acc တွေမှာ လှပတဲ့နောက်ခံမြင်ကွင်းနဲ့ဓာတ်ပုံတွေကို မျှဝေပေးလေ့ရှိပါတယ်။
သူတို့စုံတွဲဟာ သူငယ်ချင်းအတွက် ဓာတ်ပုံရိုက်ပေးဖို့ ပိုလန်နိုင်ငံသို့ ခရီးထွက်ရင်း လမ်းဘေးက နေကြာခင်းနားရောက်တော့ ခွေးလေးတွေကို ဓာတ်ပုံရိုက်ပေးခဲ့တာပါ။ခွေးလေးတွေက အစပိုင်း pose လှလှလေးတွေပေးနေခဲ့ပေမဲ့ Fenris ဆိုတဲ့ခွေးလေးတစ်ကောင်ကစပြီး နေကြာပန်းရဲ့အရသာကို ခံစားမိသွားတော့ ကင်မရာကို အရေးမစိုက်နိုင်တော့ဘဲ နေကြာပန်းကို ကိုက်စားနေတော့ ကျန်နှစ်ကောင်ကလည်း လိုက်လုပ်နေခဲ့ပါတယ်။
အဲ့တာနဲ့ ခင်ပွန်းဖြစ်သူကလည်း ခွေးလေးတွေရဲ့လွတ်လပ်တဲ့ဓာတ်ပုံတွေအဖြစ် ရိုက်ကူးပေးခဲ့ရင်း ခွေးလေးတွေရဲ့ရယ်စရာကောင်းတဲ့ဓာတ်ပုံတွေအပြင် အခြားနေရာတွေမှာ ရိုက်ထားခဲ့တဲ့ အမိုက်စားရိုက်ချက်တွေကိုပါ သူတို့ပရိသတ်တွေ ရသပေါင်းများစွာ ခံစားရစေဖို့ မျှဝေပေးခဲ့လိုက်ပါသေးတယ်။
#7
#8
#9
#10
#11
#12
#13
#14
Leave a Reply