
အလှကြိုက်သည့် မိန်းကလေးတွေကို ကောင်လေးချောချောလေးများက အားလုံးစိတ်တိုင်းကျပြုစုပြင်ဆင်ပေမည့် အလှပြင်ဆိုင်လေး
စီးပွားရေးလုပ်ငန်းတစ်ခုကို ပြုလုပ်ရာ၌ လာရောက်အေားပေးသူများကို သဘောကျနှစ်သက်စေရန်အတွက် စွဲဆောင်မှုရှိသောအရာမျိုးစုံကို ကြိုးစားပြင်ဆင်ထားသင့်ပါတယ်။ယခုတွင်တော့ ဗီယက်နမ်နိုင်ငံ အလှပြင်ဆိုင်တစ်ခုကတော့ မိန်းကလေးများကို အမြဲတမ်းအလှပြင်ချင်နေအောင် စွဲဆောင်ထားနိုင်ပြီဖြစ်ပါတယ်။
ထိုအလှပြင်ဆိုင်ဟာ မိန်းကလေးတို့၏ အလှနှင့်ပတ်သတ်သည့် ခေါင်းလျှော်ခြင်း ဇက်ကျောနှိပ်ခြင်းတို့အပါအဝင် အခြားအလှအပပြုပြင်ခြင်းများကို စေတနာထားပြီး လုပ်ဆောင်ပေးတာဖြစ်ပါတယ်။
အလှပြင်ဆင်ပေးသူတွေဟာ အလွန်ခန့်ညားသည့်ကောင်လေးချောချောလေးများဖြစ်နေသောကြောင့် မိန်းကလေးအများစုအတွက် သဘောကျစရာအလှပြင်ဆိုင်လေးဖြစ်ပါတယ်။စာဖတ်သူတို့အနေဖြင့်လည်း ဗီယက်နမ်နိုင်ငံသို့ အလည်ရောင်ဖြစ်ခဲ့လျှင် အလှသွားပြင်ဖို့ အကြံပေးချင်ပါတယ်။
Zawgyi
Leave a Reply