
အလွန်လှပပြီးသေးငယ်တဲ့သွင်ပြင်နဲ့ မလိုက်ဖက်အောင် လေးလံတဲ့ကုန်ပစ္စည်းတွေကို သယ်ဆောင်နေတဲ့ အထမ်းသည်မလေး (ရုပ်သံ)
ဟောင်ကောင်က ၃၁ နှစ်အရွယ် Zhu Qianpei လို့ခေါ်တဲ့ မိန်းမလှလေးတစ်ဦးဟာ ကုန်ပစ္စည်းများသယ်ဆောင်နေတဲ့ ဓာတ်ပုံကြောင့် အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ပထမတစ်ချက်မှာ သူမကို မင်းသမီးတစ်ယောက်လို့ အထင်မှားနိုင်သော်လည်း ဟောင်ကောင်ရဲ့ လမ်းကြားတွေက ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ခြင်းဖြင့် စားဝတ်နေရေးအတွက် ရုန်းကန်ရသူတစ်ဦးဖြစ်ပါတယ်။
Dimsum Daily ရဲ့ အဆိုအရ သူမဟာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းအဖြစ် ဆယ်စုနှစ်တစ်ခုကျော် လုပ်ကိုင်ခဲ့ပြီဖြစ်ပါတယ်။ Qianpei လို သေးငယ်တဲ့အမျိုးသမီးတစ်ဦးအတွက် အလုပ်က ခက်ခဲနိုင်ပါတယ်။ Apple Daily (Hong Kong) နဲ့ တွေ့ဆုံမေးမြန်းရာမှာ သူမက “ ပစ္စည်းတွေ သယ်ဆောင်နေရတဲ့အချိန်လေးမှာ ငါဟာ အပျော်ရွှင်ဆုံးပါပဲ ” လို့ ပြောကြားလာခဲ့တာပါ။ ဟောင်ကောင်က သယ်ယူပို့ဆောင်ရေးတစ်ခုမှာ များသောအားဖြင့် HKD13,000 နဲ့ HKD14,000 (US $ 1658 – US $ 1785) အကြားရရှိနိုင်ပါတယ်။
အလုပ်တွေက ရုပ်ပိုင်းဆိုင်ရာအားစိုက်ထုတ်ရန် လိုအပ်သော်လည်း ၎င်းဟာ အလုပ်တစ်ခုအဖြစ် ရှုမြင်မည့်အစား သူမအတွက်ရရှိတဲ့ အခွင့်အလမ်းတစ်ခုလို့ သူမက ဆိုပါတယ်။ Qianpei ဟာ သူမအမြဲတမ်း အထမ်းသမားတစ်ယောင်အဖြစ် ဆက်လက်ရပ်တည်မယ်ဖြစ်ကြောင်း ကောင်းစွာသိရပါတယ်။
Zawgyi
အလြန္လွပၿပီးေသးငယ္တဲ့သြင္ျပင္နဲ႔ မလိုက္ဖက္ေအာင္ ေလးလံတဲ့ကုန္ပစၥည္းေတြကို သယ္ေဆာင္ေနတဲ့ အထမ္းသည္မေလး (႐ုပ္သံ)
ေဟာင္ေကာင္က ၃၁ ႏွစ္အ႐ြယ္ Zhu Qianpei လို႔ေခၚတဲ့ မိန္းမလွေလးတစ္ဦးဟာ ကုန္ပစၥည္းမ်ားသယ္ေဆာင္ေနတဲ့ ဓာတ္ပုံေၾကာင့္ အင္တာနက္ေပၚမွာ ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။ ပထမတစ္ခ်က္မွာ သူမကို မင္းသမီးတစ္ေယာက္လို႔ အထင္မွားႏိုင္ေသာ္လည္း ေဟာင္ေကာင္ရဲ႕ လမ္းၾကားေတြက ကုန္ပစၥည္းမ်ားကို သယ္ယူပို႔ေဆာင္ျခင္းျဖင့္ စားဝတ္ေနေရးအတြက္ ႐ုန္းကန္ရသူတစ္ဦးျဖစ္ပါတယ္။
Dimsum Daily ရဲ႕ အဆိုအရ သူမဟာ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းအျဖစ္ ဆယ္စုႏွစ္တစ္ခုေက်ာ္ လုပ္ကိုင္ခဲ့ၿပီျဖစ္ပါတယ္။ Qianpei လို ေသးငယ္တဲ့အမ်ိဳးသမီးတစ္ဦးအတြက္ အလုပ္က ခက္ခဲႏိုင္ပါတယ္။ Apple Daily (Hong Kong) နဲ႔ ေတြ႕ဆုံေမးျမန္းရာမွာ သူမက “ ပစၥည္းေတြ သယ္ေဆာင္ေနရတဲ့အခ်ိန္ေလးမွာ ငါဟာ အေပ်ာ္႐ႊင္ဆုံးပါပဲ ” လို႔ ေျပာၾကားလာခဲ့တာပါ။ ေဟာင္ေကာင္က သယ္ယူပို႔ေဆာင္ေရးတစ္ခုမွာ မ်ားေသာအားျဖင့္ HKD13,000 နဲ႔ HKD14,000 (US $ 1658 – US $ 1785) အၾကားရရွိႏိုင္ပါတယ္။
အလုပ္ေတြက ႐ုပ္ပိုင္းဆိုင္ရာအားစိုက္ထုတ္ရန္ လိုအပ္ေသာ္လည္း ၎ဟာ အလုပ္တစ္ခုအျဖစ္ ရႈျမင္မည့္အစား သူမအတြက္ရရွိတဲ့ အခြင့္အလမ္းတစ္ခုလို႔ သူမက ဆိုပါတယ္။ Qianpei ဟာ သူမအၿမဲတမ္း အထမ္းသမားတစ္ေယာင္အျဖစ္ ဆက္လက္ရပ္တည္မယ္ျဖစ္ေၾကာင္း ေကာင္းစြာသိရပါတယ္။
Leave a Reply