
အလွန်ပူသောကြောင့် ဘောင်းဘီအတိုဝတ်ကာ ကျောင်းတတ်ချင်သော်လည်း ကျောင်းမှ စကတ်နှင့်ဘောင်းဘီအရှည်ကိုသာ ဝတ်ဆင်ရမည်ဟု အမိန့်ထုတ်ထားသောကြောင့် အမ၏စကတ်ဝတ်ပြီး ကျောင်းတတ်ခဲ့သည့်ကောင်လေး
ကျောင်းသားကျောင်းသူများထဲတွင် အချို့သည် ကျောင်း၏စည်းကမ်းများကို လက်တစ်လုံးခြားလုပ်ပြီး စည်းကမ်းဖောက်တတ်သူများလည်း ရှိပေသည်။ယခုတွင်လည်း အသက်၁၆နှစ်အရွယ်ကောင်လေး၏ ကျောင်းစည်းကမ်းလိုက်နာမှုသည် အခြားလူများကို ရယ်မောမိစေမှာ သေချာမှာတယ်။
ကောင်လေးတတ်နေသည့်ကျောင်းဟာ မိန်းကလေးများကို စကတ်အတိုနှင့် ယောကျာ်းလေးများကို ဘောင်းဘီအရှည်ဝတ်ဆင်ရန် စည်းကမ်းချက်ထုတ်ထားခဲ့ပါတယ်။ ကောင်လေးဟာ ကျောင်းတတ်ရာတွင် အလွန်ပူသောကြောင့် ဘောင်းဘီအတို ဝတ်ချင်သော်လည်း ကျောင်းကခွင့်မပေ။
ထို့ကြောင့် ကျောင်းကခွင့်ပြုထားသည့်အတိုင်း အမဖြစ်သူ၏ စကတ်ကို ဝတ်ဆင်ပြီး ကျောင်းသွားခဲ့ပါတယ်။ကျောင်းသို့အရောက်မှာဘဲ ကျောင်းသားလေးကို ဆရာဖြစ်သူဟာ အဝတ်ပြန်လဲရန် ချက်ချင်းပြန်လွှတ်ခဲ့ပါတယ်။
Leave a Reply