
အလွန်ပင်ချစ်စရာကောင်းတဲ့ အမှုအရာကြောင့် ဆိုရှယ်မီဒီယာပေါ် ကျော်ကြားနေတဲ့ ဖခင် နဲ့ သမီးတို့ရဲ့ ဗီဒီယိုဖိုင်
ယူနိုက်တက်စတိတ်မှုနေထိုင်နေတဲ့ ဖခင်နဲ့ သမီးဖြစ်သူတို့ဟာ မကြာသေးခင်ကဘဲ ကြည်နူးစရာကောင်းတဲ့ အကြောင်းပြချက်တစ်ခုကြောင့် အင်တာနက်ပေါ်မှာ ကျော်ကြားမှု ဖြစ်ပွားခဲ့ပါတယ်။ဗီဒီယိုထဲမှာ ဖခင်နဲ့ သမီးဖြစ်သူတို့နှစ်ဦးအား “Girls Like You” သီချင်းနဲ့ နှုတ်ခမ်းစည်းညှိခြင်းဖြင့် ရေချိုးခန်းအတွင်းမှာ ဗီဒီယိုတိုရိုက်ကူးနေတာကို တွေ့မြင်နိုင်ပါတယ်။
Justin Wesson နဲ့ သူ့သမီး Myla တို့ဟာ မှန်ကိုကြည့်ပြီး သီချင်းအတိုင်း နှုတ်ခမ်းညှိပြီး သီဆိုနေတာကို Myla ရဲ့ မိခင်ဖြစ်တဲ့ Trina က အနောက်မှာနေပြီး သူမရဲ့ ဖုန်းကင်မရာနဲ့ ဖမ်းယူရိုက်ကူးခဲ့ပါတယ်။
ငယ်ငယ်ရွယ်ရွယ်သာရှိသေးတဲ့ Myla ဟာ သူမရဲ့ အဖေနှုတ်ခမ်းအတိုင်းလိုက်လန်လုပ်ဆောင်နိုင်တာဟာ တကယ့်ကို အထင်ကြီးစရာကောင်းလှပါတယ်။၎င်းဗီဒီယိုဟာ ဆိုရှယ်မီဒီယာပေါ်မှာ များစွာသော share တွေ၊ like တွေ ရရှိခဲ့ပါတယ်။၎င်းနည်းတူ သတင်းရင်းမြစ် အမျိုးမျိုးမှ အာရုံစိုက်ခြင်းကိုလည်း ခံရပါတယ်။”ဒီလောက်ချစ်စရာကောင်းတာတစ်ခါမှ မတွေ့ဖူးပါဘူး။
ကလေးမလေးကလည်း ဘယ်လိုတောင်ချစ်ဖို့ကောင်းနေရတာလဲ။” ဆိုပြီး အချို့လူတွေက မှတ်ချက်ပေးနေကြပါတယ်။ချစ်ဖို့အလွန်ကောင်းတဲ့ ဖခင်နဲ့ သမီးတို့ရဲ့ ဗီဒီယိုတွေ ရုပ်ပုံတွေကိုလည်း စာဖတ်ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
Zawgyi
Leave a Reply