အလုပ်အင်တာဗျူးတစ်ခုမှာ လှောင်ပြောင်ရယ်မောခြင်းခံရလို့ မျက်နှာတစ်ခုလုံးပြုပြင်ပြောင်းလဲခဲ့တဲ့ အမျိုးသား

အလုပ်အင်တာဗျူးတစ်ခုမှာ လှောင်ပြောင်ရယ်မောခြင်းခံရလို့ မျက်နှာတစ်ခုလုံးပြုပြင်ပြောင်းလဲခဲ့တဲ့ အမျိုးသား

ဗီယက်နမ်နိုင်ငံမှာနေထိုင်တဲ့ အသက် 26 နှစ်အရွယ် Do Quyen အမည်ရှိတဲ့အမျိုးသားဟာ မျက်နှာပလပ်စတစ်ဆာဂျရီပြုပြင်ခွဲစိတ်ပြီးနောက် ပြောင်းလဲသွားတဲ့ သူ့ရဲ့ရုပ်ပုံတွေကို social media တွေပေါ်မှာ ဝေမျှရင်း လူစိတ်ဝင်စားမှုအတော်လေးရရှိနေတဲ့သူပါ ။

မျက်နှာခွဲစိတ်မှုခံယူပြီးနောက် လုံးဝပြောင်းလဲသွားတဲ့ သူ့ရဲ့ မျက်လုံး ၊ နှာခေါင်း နဲ့ နှုတ်ခမ်း မျက်နှာပုံသဏ္ဍာန်တွေကြောင့် လူအတော်များများက အံ့အားသင့်နေလျက်ရှိကြပါတယ် ။ ယခုလိုမျက်နှာခွဲစိတ်ပြုပြင်ခဲ့ရတာကလည်း အရင်ရုပ်ရည်သွင်ပြင်နဲ့က အလုပ်ရရှိရန် ခက်ခဲလွန်းခဲ့ပြီး ၊ အလုပ်အင်တာဗျူးတစ်ခုကို သွားဖြေခဲ့ရင်းကနေ လှောင်ပြောင်ရယ်မောခြင်းခံခဲ့ရလို့ဖြစ်ကြောင်း သူ့ရဲ့ ရင်တွင်းခံစားချက်တွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ် ။

Do Quyen ရဲ့မိသားစုဟာ ငွေရေးကြေးရေးမတည်ငြိမ်တဲ့ မိသားစုမျိုးဖြစ်တာကြောင့် ခွဲစိတ်ပြုပြင်ခဲ့တဲ့ 9 ကြိမ်လုံးအတွက် ကုန်ကျစရိတ်ကို သူကိုယ်တိုင်ရှာဖွေပြီး အကုန်အကျခံခဲ့တာဖြစ်ကြောင်း သိရပါတယ် ။ ခွဲစိတ်မှု ကုန်ကျစရိတ်အားလုံးမှာ 400 million dong (မြန်မာငွေ သိန်း 200 ကျော်ခန့်) ကုန်ကျခဲ့ရတာဖြစ်ကြောင်း သိရှိရပါတယ် ။

Do Quyen ရဲ့ပြောပြချက်အရ ‘ ကျွန်တော် ခွဲစိတ်ပြုပြင်မှုခံယူပြီး ပထမဆုံးအကြိမ်အိမ်ပြန်ရောက်တဲ့ ကျွန်တော့်ရဲ့မိဘတွေ ကျွန်တော့်ကို မမှတ်မိကြပါဘူး ၊ ကျွန်တော်ကလည်း အများကြီးကြိုတင်မျှော်လင့်ပြီးသားဖြစ်ပေမဲ့လည်း ကျွန်တော့်ရဲ့မျက်ရည်တွေထိန်းမရနိုင်အောင်ဖြစ်ခဲ့ပါတယ် ၊

ကျွန်တော့်အနေနဲ့ အလှအပနဲ့ပက်သက်ပြီး သတ်မှတ်ထားတဲ့စံချိန်ကတော့ မှန်ကိုကြည့်လိုက်တဲ့အချိန်မှာ ကိုယ့်ကိုကျေနပ်ပြီး ယုံကြည်ချက်ရှိတယ်ဆိုပြီး ခံစားရတာမျိုးပါပဲ ‘ ဆိုပြီး ဖြေကြားခဲ့ပါတယ် ။ ခွဲစိတ်ပြုပြင်ခဲ့လို့ နောင်တရတာမျိုးလည်း မရှိကြောင်း Do Quyen က ထပ်လောင်းပြောကြားခဲ့ပါသေးတယ် ။

Zawgyi

ဗီယက္နမ္ႏိုင္ငံမွာေနထိုင္တဲ့ အသက္ 26 ႏွစ္အ႐ြယ္ Do Quyen အမည္ရွိတဲ့အမ်ိဳးသားဟာ မ်က္ႏွာပလပ္စတစ္ဆာဂ်ရီျပဳျပင္ခြဲစိတ္ၿပီးေနာက္ ေျပာင္းလဲသြားတဲ့ သူ႔ရဲ႕႐ုပ္ပုံေတြကို social media ေတြေပၚမွာ ေဝမွ်ရင္း လူစိတ္ဝင္စားမႈအေတာ္ေလးရရွိေနတဲ့သူပါ ။

မ်က္ႏွာခြဲစိတ္မႈခံယူၿပီးေနာက္ လုံးဝေျပာင္းလဲသြားတဲ့ သူ႔ရဲ႕ မ်က္လုံး ၊ ႏွာေခါင္း နဲ႔ ႏႈတ္ခမ္း မ်က္ႏွာပုံသ႑ာန္ေတြေၾကာင့္ လူအေတာ္မ်ားမ်ားက အံ့အားသင့္ေနလ်က္ရွိၾကပါတယ္ ။ ယခုလိုမ်က္ႏွာခြဲစိတ္ျပဳျပင္ခဲ့ရတာကလည္း အရင္႐ုပ္ရည္သြင္ျပင္နဲ႔က အလုပ္ရရွိရန္ ခက္ခဲလြန္းခဲ့ၿပီး ၊ အလုပ္အင္တာဗ်ဴးတစ္ခုကို သြားေျဖခဲ့ရင္းကေန ေလွာင္ေျပာင္ရယ္ေမာျခင္းခံခဲ့ရလို႔ျဖစ္ေၾကာင္း သူ႔ရဲ႕ ရင္တြင္းခံစားခ်က္ေတြကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္ ။

Do Quyen ရဲ႕မိသားစုဟာ ေငြေရးေၾကးေရးမတည္ၿငိမ္တဲ့ မိသားစုမ်ိဳးျဖစ္တာေၾကာင့္ ခြဲစိတ္ျပဳျပင္ခဲ့တဲ့ 9 ႀကိမ္လုံးအတြက္ ကုန္က်စရိတ္ကို သူကိုယ္တိုင္ရွာေဖြၿပီး အကုန္အက်ခံခဲ့တာျဖစ္ေၾကာင္း သိရပါတယ္ ။ ခြဲစိတ္မႈ ကုန္က်စရိတ္အားလုံးမွာ 400 million dong (ျမန္မာေငြ သိန္း 200 ေက်ာ္ခန႔္) ကုန္က်ခဲ့ရတာျဖစ္ေၾကာင္း သိရွိရပါတယ္ ။

Do Quyen ရဲ႕ေျပာျပခ်က္အရ ‘ ကြၽန္ေတာ္ ခြဲစိတ္ျပဳျပင္မႈခံယူၿပီး ပထမဆုံးအႀကိမ္အိမ္ျပန္ေရာက္တဲ့ ကြၽန္ေတာ့္ရဲ႕မိဘေတြ ကြၽန္ေတာ့္ကို မမွတ္မိၾကပါဘူး ၊ ကြၽန္ေတာ္ကလည္း အမ်ားႀကီးႀကိဳတင္ေမွ်ာ္လင့္ၿပီးသားျဖစ္ေပမဲ့လည္း ကြၽန္ေတာ့္ရဲ႕မ်က္ရည္ေတြထိန္းမရႏိုင္ေအာင္ျဖစ္ခဲ့ပါတယ္ ၊

ကြၽန္ေတာ့္အေနနဲ႔ အလွအပနဲ႔ပက္သက္ၿပီး သတ္မွတ္ထားတဲ့စံခ်ိန္ကေတာ့ မွန္ကိုၾကည့္လိုက္တဲ့အခ်ိန္မွာ ကိုယ့္ကိုေက်နပ္ၿပီး ယုံၾကည္ခ်က္ရွိတယ္ဆိုၿပီး ခံစားရတာမ်ိဳးပါပဲ ‘ ဆိုၿပီး ေျဖၾကားခဲ့ပါတယ္ ။ ခြဲစိတ္ျပဳျပင္ခဲ့လို႔ ေနာင္တရတာမ်ိဳးလည္း မရွိေၾကာင္း Do Quyen က ထပ္ေလာင္းေျပာၾကားခဲ့ပါေသးတယ္ ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*