
အလုပ်ရဖို့ ကားခေါင်မိုးထိပ်မှာ CVဖောင်စာရွက်ကြီးကြီးတစ်ရွက် ကပ်ပြီး အလုပ်လျှောက်ခဲ့တဲ့ အမျိုးသား(ရုပ်သံ)
အလုပ်တစ်ခုရဖို့အတွက် အပြိုင်အဆိုင်အမြဲတမ်းရှိတတ်တာကို ကျွန်တော်တို့အားလုံးသိပြီးသားဖြစ်ပါတယ်။သို့ပေမဲ့ CV ဖောင်ကို ကားခေါင်မိုးပေါ်မှာ ကပ်ပြီး အလုပ်ရှာခဲ့တဲ့ Max Fosh အမည်ရှိတဲ့ Youtuber အမျိုးသားကတော့ အခြားလူတွေနဲ့ မတူနေခဲ့ပါဘူး။
Max ဟာ BBC သတင်းဌာနရဲ့ Radio 1 မှာ အလုပ်ရရန် ဆန္ဒရှိတာကြောင့် သူဟာ လုံးဝကွဲပြားတဲ့ အလုပ်လျှောက်နည်းတစ်မျိုးကို အသုံးပြုခဲ့ပါတယ်။Max ဟာ သူ့ရဲ့ အနီရောင် Volkswagen ကားခေါင်မိုးပေါ်မှာ သူ့ရဲ့ CV ဖောင်အလုပ်လျှောက်လွှာကို ကောင်းကောင်းမြင်ရအောင် ကပ်ထားခဲ့တာနဲ့ မပြီးသေးဘဲ ကားခေါင်းရှေ့မှာလည်း သူ့ရဲ့ QR code ကိုပါ ကပ်ထားခဲ့ပါသေးတယ်။တစ်ကယ်လည်း သူ့ရဲ့ မဟာဗျူဟာက အကျူံးဝင် အောင်မြင်သွားခဲ့ပါတယ်။
ထို့နောက် Aled က Max ရဲ့ QR code ကို scan ဖတ်ပြီး သူ့ရဲ့ကျွမ်းကျင်မှုအကြောင်းပိုမိုသိရှိရန် Youtuber နှင့်စကားပြောလိုကြောင်း အသိပေးတဲ့ဗီဒီယိုတစ်ခုနဲ့ Max ရဲ့ Twitter ကို တုံ့ပြန်ခဲ့ပါတယ်။ထို့အပြင် Max က သူ့ရဲ့ Youtube channel မှ အဆိုပါ ကားပေါ်ကအလုပ်လျှောက်လွှာပုံစံလုပ်နည်းရဲ့ အစအဆုံးဘယ်လိုလုပ်ဆောင်ခဲ့ရကြောင်းကိုလည်း ပြသခဲ့ပါသေးတယ်။
Leave a Reply