
အလုပ်မသွားချင်သောကြောင့် ပြန်ပေးဆွဲခံရသည်ဟု သူဋ္ဌေးကို လိမ်လည်ကာ အလုပ်မသွားခဲ့သည့် အမျိုးသား အချုပ်ထဲရောက်သွားခဲ့ရ
လူသားတို့သည် အသက်ရှင်နေထိုင်ရန်အတွက် အလုပ်များကို ကြိုးစားလုပ်ကိုင်နေကြရပေသည်။တစ်ခါတစ်လေတွင် အလုပ်များကို မလုပ်ချင်ဘဲ အလုပ်သွားရသည့်အချိန်မျိုးကို လူတိုင်းကြုံတွေကြရမည်ဖြစ်ပေသည်။ယခုတွင်လည်း ပိုလန်နိုင်ငံမှ အမျိုးသားတစ်ဦးသည်လည်း အလုပ်သို့ မသွားလိုသောကြောင့် လိမ်လည်ခဲ့ပုံမှာတော့ အလွန်ရယ်စရာကောင်းလှပါတယ်။
အသက်၃၆နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ထိုအမျိုးသားဟာ စားဖိုမှုးအလုပ်ကို လုပ်ကိုင်နေပြီး နေ့တိုင်းအလုပ်သို့သွားနေခဲ့ရပါတယ်။ထို့ကြောင့် အနားယူချင်သည့်အတွက် သူဋ္ဌေးဖြစ်သူကို ဖုန်းဆက်ကာ သူသည် ပြန်ပေးဆွဲခံခါးရသည်ဟု လိမ်ခည်ခဲ့ပါတယ်။
ထို့နောက် အကြောင်းစုံကို ရိပ်မိနေသည့် ဆိုင်မန်နေဂျာဟာ ရဲစခန်းကိုတိုင်ကြားပြီးနောက်တွင်တော့ အမျိုးသားဟာ လိမ်လည်မှုဖြင့် အဖမ်းခံခဲ့ရပါတော့တယ်။
Leave a Reply