အလုပ်မပြတ်နိုင်ဘဲ သူနေမကောင်းကြောင်းကို မှတ်စုရေးကာ သူ့ရဲ့နောက်ကျောမှာ ကပ်ပြထားခဲ့တဲ့ အမျိုးသား

အလုပ်မပြတ်နိုင်ဘဲ သူနေမကောင်းကြောင်းကို မှတ်စုရေးကာ သူ့ရဲ့နောက်ကျောမှာ ကပ်ပြထားခဲ့တဲ့ အမျိုးသား

မနီလာမြို့ရဲ့ အလုပ်ရှုပ်နေတဲ့ လမ်းများနှင့်တိုင်းပြည်အနှံ့ရှိအခြားမြို့များတွင် ကားမောင်းသူများစွာဟာ ၎င်းတို့သွားလိုတဲ့နေရာကိုအလျင်အမြန်သွားရောက်လိုတာကြောင့် လမ်းမကြီးများပေါ်တွင် နှေးကွေးစွာ မောင်းနှင်သူများနှင့်ဆုံလာတဲ့အခါ သည်းမခံကြသလို စိတ်လည်းမရှည်တတ်ကြပါဘူး။များစွာသောလူတို့ဟာ လမ်းပေါ်ရှိ ကားလမ်းဖြတ်သွားသူတို့ သို့မဟုတ် ပင်ပန်းတဲ့ခြေထောက်များကို သယ်ဆောင်လာသကဲ့သို့ လျင်မြန်စွာမလှုပ်ရှားသောလမ်းလျှောက်သူများကိုလည်း အလွယ်တကူစိတ်ဆိုးသွားတတ်ကြပါတယ်။လူတိုင်းက လမ်းပေါ်မှာ တစ်မိနစ်ကလေးတောင် မနေချင်ကြဘဲ မြန်မြန်ဆန်ဆန်သွားချင်ကြတာကြောင့် သင်ကားလမ်းမကြီးများပေါ်ရောက်တဲ့အခါ ကားဟွန်းတီးသံများကို အဆက်မပြတ်ကြားနေရပါလိမ့်မယ်။

ထို့ပေမဲ့ တုပ်ကွေးမိနေတဲ့ ဆိုင်ကယ်သမားတစ်ဦးဟာ အလုပ်သွားခဲ့ပေမဲ့ သူဟာ သူ့ရဲ့နှေးကွေးစွာ မောင်းနှင်မှုကြောင့် အခြားယာဉ်မောင်းသမားများအား စိတ်အနှောက်အယှက်ဖြစ်နေမှာကိုလည်း ကြိုသိနေခဲ့ပါတယ်။သို့သော် တုပ်ကွေးကြောင့် သူဟာ ပိုမိုလျင်မြန်စွာ သွားလာခြင်းထက် မိမိကိုယ်ကို အတင်းအကျပ်မခိုင်းစေသင့်တာကိုလည်း သိနေခဲ့ပါတယ်။

ထို့ကြောင့် အဆိုပါဆိုင်ကယ်သမားဟာ သူ့နောက်က ယာဉ်မောင်းသူတို့ကို သူ့ရဲ့ကျန်းမာရေးအခြေအနေနှင့် သူ့အား ကျော်မောင်းတက်သွားရန်ကို ပြောပြနိုင်ဖို့အတွက် သူ့ရဲ့နောက်ကျောမှာ မှတ်စုစာရွက်ကြီးတစ်ခုကို ကပ်ထားခဲ့ပါတယ်။၎င်းကို netizen တစ်ဦးဖြစ်တဲ့ Aizel Lezia ဆိုသူက အဆိုပါ ဆိုင်ကယ်သမားရဲ့ဓာတ်ပုံကို မျှဝေခဲ့ကာ “ ပြီးခဲ့တဲ့ညက ဓနသဟာယရိပ်သာလမ်းတစ်လျှောက်မှာ ဒီဦးလေးကို ကျွန်တော်တွေ့ခဲ့ရတယ် ၊ ကျွန်တော်တို့ဟာ ရုန်းကန်လှုပ်ရှားရင်း တညတာအိပ်စက်အနားယူဖို့ကို မေ့လျော့သွားတတ်ကြတယ် ၊ မကြာခင်မှာဘဲ အမြန်ဆုံးနေကောင်းကျန်းမာလာပါစေ ဦးလေး ” ဟု ရေးသားဖော်ပြခဲ့ပါတယ်။

Lezia ဟာ နေမကောင်းဖြစ်နေတဲ့ ဆိုင်ကယ်သမားဦးလေးရဲ့နာမည်ကို မသိလိုက်ပေမဲ့ အဆိုပါ ဦးလေးဟာ netizen များထံမှ စာနာမှုများစွာကို ရရှိခဲ့ရပါတယ်။လူအများက အဆိုပါမှတ်စုကို ရေးခဲ့တဲ့ ဦးလေးအတွက် ဝမ်းနည်းနေခဲ့ကြပြီး အထူးသဖြင့် လမ်းပေါ်မှာ အချိန်နှင့်တပြေးညီသွားလာနေရခြင်းက မည်မျှဆိုးရွားသည်ကိုလည်း ကောင်းမွန်စွာ သိထားကြပါတယ်။

ထို့နောက် “ သူက ကျွန်တော်တို့ရဲ့ ချစ်လှစွာသော ဝန်ထမ်းပါ ၊ သူက တုပ်ကွေးမိနေပေမဲ့ အလုပ်ကို လာခဲ့တယ် ၊ သူက ကျွန်တော်တို့ရုံးခန်းမှာဆို သဘောကောင်းကြင်နာတတ်ပြီး ဟာသတွေလည်း ပြောတတ်သလို အလုပ်လည်း ကြိုးစားတဲ့သူပါ ၊ I am proud of you , Joey ” လို့ Cleo Angelo DelaFuente Guevarra အမည်ရှိ အဆိုပါဦးလေးရဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦးက မှတ်ချက်ပေးခဲ့ပါသေးတယ်။

Zawgyi

မနီလာၿမိဳ႕ရဲ႕ အလုပ္ရႈပ္ေနတဲ့ လမ္းမ်ားႏွင့္တိုင္းျပည္အႏွံ႔ရွိအျခားၿမိဳ႕မ်ားတြင္ ကားေမာင္းသူမ်ားစြာဟာ ၎တို႔သြားလိုတဲ့ေနရာကိုအလ်င္အျမန္သြားေရာက္လိုတာေၾကာင့္ လမ္းမႀကီးမ်ားေပၚတြင္ ေႏွးေကြးစြာ ေမာင္းႏွင္သူမ်ားႏွင့္ဆုံလာတဲ့အခါ သည္းမခံၾကသလို စိတ္လည္းမရွည္တတ္ၾကပါဘူး။မ်ားစြာေသာလူတို႔ဟာ လမ္းေပၚရွိ ကားလမ္းျဖတ္သြားသူတို႔ သို႔မဟုတ္ ပင္ပန္းတဲ့ေျခေထာက္မ်ားကို သယ္ေဆာင္လာသကဲ့သို႔ လ်င္ျမန္စြာမလႈပ္ရွားေသာလမ္းေလွ်ာက္သူမ်ားကိုလည္း အလြယ္တကူစိတ္ဆိုးသြားတတ္ၾကပါတယ္။လူတိုင္းက လမ္းေပၚမွာ တစ္မိနစ္ကေလးေတာင္ မေနခ်င္ၾကဘဲ ျမန္ျမန္ဆန္ဆန္သြားခ်င္ၾကတာေၾကာင့္ သင္ကားလမ္းမႀကီးမ်ားေပၚေရာက္တဲ့အခါ ကားဟြန္းတီးသံမ်ားကို အဆက္မျပတ္ၾကားေနရပါလိမ့္မယ္။

ထို႔ေပမဲ့ တုပ္ေကြးမိေနတဲ့ ဆိုင္ကယ္သမားတစ္ဦးဟာ အလုပ္သြားခဲ့ေပမဲ့ သူဟာ သူ႔ရဲ႕ေႏွးေကြးစြာ ေမာင္းႏွင္မႈေၾကာင့္ အျခားယာဥ္ေမာင္းသမားမ်ားအား စိတ္အေႏွာက္အယွက္ျဖစ္ေနမွာကိုလည္း ႀကိဳသိေနခဲ့ပါတယ္။သို႔ေသာ္ တုပ္ေကြးေၾကာင့္ သူဟာ ပိုမိုလ်င္ျမန္စြာ သြားလာျခင္းထက္ မိမိကိုယ္ကို အတင္းအက်ပ္မခိုင္းေစသင့္တာကိုလည္း သိေနခဲ့ပါတယ္။

ထို႔ေၾကာင့္ အဆိုပါဆိုင္ကယ္သမားဟာ သူ႔ေနာက္က ယာဥ္ေမာင္းသူတို႔ကို သူ႔ရဲ႕က်န္းမာေရးအေျခအေနႏွင့္ သူ႔အား ေက်ာ္ေမာင္းတက္သြားရန္ကို ေျပာျပႏိုင္ဖို႔အတြက္ သူ႔ရဲ႕ေနာက္ေက်ာမွာ မွတ္စုစာ႐ြက္ႀကီးတစ္ခုကို ကပ္ထားခဲ့ပါတယ္။၎ကို netizen တစ္ဦးျဖစ္တဲ့ Aizel Lezia ဆိုသူက အဆိုပါ ဆိုင္ကယ္သမားရဲ႕ဓာတ္ပုံကို မွ်ေဝခဲ့ကာ “ ၿပီးခဲ့တဲ့ညက ဓနသဟာယရိပ္သာလမ္းတစ္ေလွ်ာက္မွာ ဒီဦးေလးကို ကြၽန္ေတာ္ေတြ႕ခဲ့ရတယ္ ၊ ကြၽန္ေတာ္တို႔ဟာ ႐ုန္းကန္လႈပ္ရွားရင္း တညတာအိပ္စက္အနားယူဖို႔ကို ေမ့ေလ်ာ့သြားတတ္ၾကတယ္ ၊ မၾကာခင္မွာဘဲ အျမန္ဆုံးေနေကာင္းက်န္းမာလာပါေစ ဦးေလး ” ဟု ေရးသားေဖာ္ျပခဲ့ပါတယ္။

Lezia ဟာ ေနမေကာင္းျဖစ္ေနတဲ့ ဆိုင္ကယ္သမားဦးေလးရဲ႕နာမည္ကို မသိလိုက္ေပမဲ့ အဆိုပါ ဦးေလးဟာ netizen မ်ားထံမွ စာနာမႈမ်ားစြာကို ရရွိခဲ့ရပါတယ္။လူအမ်ားက အဆိုပါမွတ္စုကို ေရးခဲ့တဲ့ ဦးေလးအတြက္ ဝမ္းနည္းေနခဲ့ၾကၿပီး အထူးသျဖင့္ လမ္းေပၚမွာ အခ်ိန္ႏွင့္တေျပးညီသြားလာေနရျခင္းက မည္မွ်ဆိုး႐ြားသည္ကိုလည္း ေကာင္းမြန္စြာ သိထားၾကပါတယ္။

ထို႔ေနာက္ “ သူက ကြၽန္ေတာ္တို႔ရဲ႕ ခ်စ္လွစြာေသာ ဝန္ထမ္းပါ ၊ သူက တုပ္ေကြးမိေနေပမဲ့ အလုပ္ကို လာခဲ့တယ္ ၊ သူက ကြၽန္ေတာ္တို႔႐ုံးခန္းမွာဆို သေဘာေကာင္းၾကင္နာတတ္ၿပီး ဟာသေတြလည္း ေျပာတတ္သလို အလုပ္လည္း ႀကိဳးစားတဲ့သူပါ ၊ I am proud of you , Joey ” လို႔ Cleo Angelo DelaFuente Guevarra အမည္ရွိ အဆိုပါဦးေလးရဲ႕လုပ္ေဖာ္ကိုင္ဖက္တစ္ဦးက မွတ္ခ်က္ေပးခဲ့ပါေသးတယ္။

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*