အလုပ်ကြမ်းတွေလုပ်ပြီး အဝတ်အစားကညစ်ပတ်နေတာကြောင့် ဘတ်စ်ကားထိုင်ခုံမှာမထိုင်ဘဲ မတ်တပ်ရပ်စီးခဲ့တဲ့ အမျိုးသမီးကြောင့် ကားဆရာအံ့အားသင့်ခဲ့ရ

အလုပ်ကြမ်းတွေလုပ်ပြီး အဝတ်အစားကညစ်ပတ်နေတာကြောင့် ဘတ်စ်ကားထိုင်ခုံမှာမထိုင်ဘဲ မတ်တပ်ရပ်စီးခဲ့တဲ့ အမျိုးသမီးကြောင့် ကားဆရာအံ့အားသင့်ခဲ့ရ

ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်လုပ်တဲ့ တရုတ်အမျိုးသမီးတစ်ဦးဟာ ထိုင်ခုံတွေ ညစ်ပတ်နေမာကို စိုးရိမ်တာကြောင့် ဘတ်စ်ကားထိုင်ခုံပေါ် ထိုင်ဖို့ ငြင်းဆန်ခဲ့တဲ့သူမရဲ့လုပ်ရပ်ဟာ လူမှုရေးမီဒီယာသို့ ရောက်ရှိလာခဲ့ပြီး လူတွေရဲ့လေးစားမှုကို ခံနေရပါတယ် ။ သူမဟာ အသက် ၅၈ နှစ်ရှိပြီး Wang Zhenzhen လို့ခေါ်တာပါ ။ သူမက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အမျိုးသားတွေရဲ့အလုပ်ကို လုပ်ကိုင်နေသူဖြစ်ပါတယ် ။

တစ်နေ့ပုံမှန်အလုပ်တွေပြီးတဲ့ အချိန်မှာ သူမက 2 Haining ဘတ်စ်ကားကိုစီးပြန်ခဲ့တာပါ ။ ဘတ်စကားကားရဲ့ ထိုင်ခုံတွေက အလွတ်တွေအများကြီးရှိပေမဲ့ သူမက ထိုင်ခုံပေါ်မှာ ထိုင်မနေဘဲ မတ်တပ်ရပ်ပြီးစီးနေခဲ့တာပါ ။

ခရီးသည်တစ်ဦးက သူမကိုမြင်ပြီး “ ထိုင်ခုံပေါ် ထိုင်လေအမ၊ ဘတ်စ်ကားက အလွတ်တွေဘဲ ” လို့ ပြောတဲ့အခါမှာ သူမက ” ကျွန်မအဝတ်တွေပေနေလို့ ထိုင်ခုံပေါ်ထိုင်လိုက်ရင် ခုံတွေညစ်ပတ်နေဦးမယ် ။ မထိုင်တော့ဘူး ၊ ဒီလိုဘဲမတ်တပ်ရပ်လိုက်မယ် ” လို့ သူမပြန်ဖြေခဲ့ပါတယ် ။ သူမရဲ့စကားကြောင့် ထိုအမျိုးသမီးနဲ့ ယာဉ်မောင်းသူကို ထိမိခဲ့ပါတယ် ။

သူမရဲ့သတင်းတွေ ပျံ့နှံ့သွားပြီးနောက် သတင်းထောက်တစ်ဦးက သူမကို အင်တာဗျူးဖို့ ဆောက်လုပ်ရေးလုပ်ငန်းကို သွားခဲ့ပါတယ် ။ “ဒါက ခတ်ခဲတဲ့ ယောကျာ်းလေးတွေရဲ့ အလုပ်ဘဲ ။ ဒီအလုပ်ကို လုပ်ဖို့ မင်းကို ဘာတွေက လှုံ့ဆော်စေခဲ့တာလဲ ” လို့ သတင်းထောက်က မေးလိုက်ပါတယ် ။ ” ကျွန်မအတွက်တော့ ပြဿနာမရှိပါဘူး ။ ငါခြံမှာ အလုပ်ကြိုးစားလုပ်ခဲ့ဖူးတယ် ။

ငါကစာမတတ်ဘူးလေ ဒါကြောင့် ငါလုပ်နိုင်တာကတော့ ဒီလိုမျိုးကြမ်းတမ်းတဲ့အလုပ်ပဲ ” လို့ Madam Wang ကပြောခဲ့ပါတယ် ။ ခင်ပွန်းဖြစ်သူနဲ့ သားတို့ကလည်း ထိုလုပ်ငန်းခွင်မာလုပ်ကိုင်နေတာကြောင့် သူမကလည်း ထိုနေရာမှာ လုပ်နေခဲ့ပါတယ် ။Madam Wang က သားယောက်ျားလေးနှစ်ယောက်နဲ့ သမီးတစ်ယောက်ရှိပါတယ် ။ သူမရဲ့ သားအကြီးနဲ့ သမီးက လက်ထပ်ပြီး၊ သူမဆီမှာ အတူနေထိုင်နေတဲ့ အငယ်ဆုံးသောသားကလည်း မကြာမီ လက်ထပ်ဖို့ စီစဉ်နေပါတယ် ။

သူမက “ ကျွန်မတို့ အိမ်ကဟောင်းနွမ်းပြီးသစ်သားနေလုပ်ထားတယ်။ လွန်ခဲ့တဲ့နှစ် ၃၀ ကတည်းက နေထိုင်လာခဲ့တာပါ။ မိုးရွာတဲ့အချိန်မှာဆိုရင် ထိတ်လန့်တုန်လှုပ်စရာကောင်းလောက်အောင် ယိုစိမ့်နေတဲ့အတွက် ငါတို့အိမ်ကို ပြန်လည်ပြင်ဆင်ဖို့နဲ့ တစ်ချိန်တည်းမှာပဲ သူ့အိမ်ထောင်ရေးအတွက် ငွေစုဆောင်းဖို့လိုတယ် ” လို့ ပြောလာခဲ့ပါတယ် ။ ဒါကြောင့် အိမ်ကိုပြန်လည်ပြုပြင်နိုင်ဖို့နဲ့ အငယ်ဆုံးသားဖြစ်သူရဲ့ မင်္ဂလာဆောင်ပွဲအတွက်ပါ ပြင်ဆင်ပေးနိုင်ရန် သူမရုန်းကန်နေရပါတယ် ။

Zawgyi

အလုပ္ၾကမ္းေတြလုပ္ၿပီး အဝတ္အစားကညစ္ပတ္ေနတာေၾကာင့္ ဘတ္စ္ကားထိုင္ခုံမွာမထိုင္ဘဲ မတ္တပ္ရပ္စီးခဲ့တဲ့ အမ်ိဳးသမီးေၾကာင့္ ကားဆရာအံ့အားသင့္ခဲ့ရ

ေဆာက္လုပ္ေရးလုပ္ငန္းမွာ အလုပ္လုပ္တဲ့ တ႐ုတ္အမ်ိဳးသမီးတစ္ဦးဟာ ထိုင္ခုံေတြ ညစ္ပတ္ေနမာကို စိုးရိမ္တာေၾကာင့္ ဘတ္စ္ကားထိုင္ခုံေပၚ ထိုင္ဖို႔ ျငင္းဆန္ခဲ့တဲ့သူမရဲ႕လုပ္ရပ္ဟာ လူမႈေရးမီဒီယာသို႔ ေရာက္ရွိလာခဲ့ၿပီး လူေတြရဲ႕ေလးစားမႈကို ခံေနရပါတယ္ ။ သူမဟာ အသက္ ၅၈ ႏွစ္ရွိၿပီး Wang Zhenzhen လို႔ေခၚတာပါ ။ သူမက ေဆာက္လုပ္ေရးလုပ္ငန္းခြင္မွာ အမ်ိဳးသားေတြရဲ႕အလုပ္ကို လုပ္ကိုင္ေနသူျဖစ္ပါတယ္ ။

တစ္ေန႔ပုံမွန္အလုပ္ေတြၿပီးတဲ့ အခ်ိန္မွာ သူမက 2 Haining ဘတ္စ္ကားကိုစီးျပန္ခဲ့တာပါ ။ ဘတ္စကားကားရဲ႕ ထိုင္ခုံေတြက အလြတ္ေတြအမ်ားႀကီးရွိေပမဲ့ သူမက ထိုင္ခုံေပၚမွာ ထိုင္မေနဘဲ မတ္တပ္ရပ္ၿပီးစီးေနခဲ့တာပါ ။

ခရီးသည္တစ္ဦးက သူမကိုျမင္ၿပီး “ ထိုင္ခုံေပၚ ထိုင္ေလအမ၊ ဘတ္စ္ကားက အလြတ္ေတြဘဲ ” လို႔ ေျပာတဲ့အခါမွာ သူမက ” ကြၽန္မအဝတ္ေတြေပေနလို႔ ထိုင္ခုံေပၚထိုင္လိုက္ရင္ ခုံေတြညစ္ပတ္ေနဦးမယ္ ။ မထိုင္ေတာ့ဘူး ၊ ဒီလိုဘဲမတ္တပ္ရပ္လိုက္မယ္ ” လို႔ သူမျပန္ေျဖခဲ့ပါတယ္ ။ သူမရဲ႕စကားေၾကာင့္ ထိုအမ်ိဳးသမီးနဲ႔ ယာဥ္ေမာင္းသူကို ထိမိခဲ့ပါတယ္ ။

သူမရဲ႕သတင္းေတြ ပ်ံ႕ႏွံ႔သြားၿပီးေနာက္ သတင္းေထာက္တစ္ဦးက သူမကို အင္တာဗ်ဴးဖို႔ ေဆာက္လုပ္ေရးလုပ္ငန္းကို သြားခဲ့ပါတယ္ ။ “ဒါက ခတ္ခဲတဲ့ ေယာက်ာ္းေလးေတြရဲ႕ အလုပ္ဘဲ ။ ဒီအလုပ္ကို လုပ္ဖို႔ မင္းကို ဘာေတြက လႈံ႕ေဆာ္ေစခဲ့တာလဲ ” လို႔ သတင္းေထာက္က ေမးလိုက္ပါတယ္ ။ ” ကြၽန္မအတြက္ေတာ့ ျပႆနာမရွိပါဘူး ။ ငါၿခံမွာ အလုပ္ႀကိဳးစားလုပ္ခဲ့ဖူးတယ္ ။

ငါကစာမတတ္ဘူးေလ ဒါေၾကာင့္ ငါလုပ္ႏိုင္တာကေတာ့ ဒီလိုမ်ိဳးၾကမ္းတမ္းတဲ့အလုပ္ပဲ ” လို႔ Madam Wang ကေျပာခဲ့ပါတယ္ ။ ခင္ပြန္းျဖစ္သူနဲ႔ သားတို႔ကလည္း ထိုလုပ္ငန္းခြင္မာလုပ္ကိုင္ေနတာေၾကာင့္ သူမကလည္း ထိုေနရာမွာ လုပ္ေနခဲ့ပါတယ္ ။Madam Wang က သားေယာက္်ားေလးႏွစ္ေယာက္နဲ႔ သမီးတစ္ေယာက္ရွိပါတယ္ ။ သူမရဲ႕ သားအႀကီးနဲ႔ သမီးက လက္ထပ္ၿပီး၊ သူမဆီမွာ အတူေနထိုင္ေနတဲ့ အငယ္ဆုံးေသာသားကလည္း မၾကာမီ လက္ထပ္ဖို႔ စီစဥ္ေနပါတယ္ ။

သူမက “ ကြၽန္မတို႔ အိမ္ကေဟာင္းႏြမ္းၿပီးသစ္သားေနလုပ္ထားတယ္။ လြန္ခဲ့တဲ့ႏွစ္ ၃၀ ကတည္းက ေနထိုင္လာခဲ့တာပါ။ မိုး႐ြာတဲ့အခ်ိန္မွာဆိုရင္ ထိတ္လန႔္တုန္လႈပ္စရာေကာင္းေလာက္ေအာင္ ယိုစိမ့္ေနတဲ့အတြက္ ငါတို႔အိမ္ကို ျပန္လည္ျပင္ဆင္ဖို႔နဲ႔ တစ္ခ်ိန္တည္းမွာပဲ သူ႔အိမ္ေထာင္ေရးအတြက္ ေငြစုေဆာင္းဖို႔လိုတယ္ ” လို႔ ေျပာလာခဲ့ပါတယ္ ။ ဒါေၾကာင့္ အိမ္ကိုျပန္လည္ျပဳျပင္ႏိုင္ဖို႔နဲ႔ အငယ္ဆုံးသားျဖစ္သူရဲ႕ မဂၤလာေဆာင္ပြဲအတြက္ပါ ျပင္ဆင္ေပးႏိုင္ရန္ သူမ႐ုန္းကန္ေနရပါတယ္ ။

Be the first to comment

Leave a Reply

Your email address will not be published.


*