အလုပ်ကပြန်လာသည်နှင့် အဝတ်စားလဲကာ သန့်ရှင်းရေးပင် မပြုလုပ်နိုင်ဘဲ မွေးဖွားလာတော့မည့် ကလေးအတွက် လိုအပ်သည့် ပစ္စည်းလေးတွေကို အရင်လာဝယ်နေကြသည့် မိဘနှစ်ပါး၏ မေတ္တာ

အလုပ်ကပြန်လာသည်နှင့် အဝတ်စားလဲကာ သန့်ရှင်းရေးပင် မပြုလုပ်နိုင်ဘဲ မွေးဖွားလာတော့မည့် ကလေးအတွက် လိုအပ်သည့် ပစ္စည်းလေးတွေကို အရင်လာဝယ်နေကြသည့် မိဘနှစ်ပါး၏ မေတ္တာ

ချစ်သူစုံတွဲတို့သည် လက်ထပ်မင်္ဂလာပြုပြီး ဘဝကို ပျော်ရွင်စွာဖြတ်သန်းနိုင်ရန် အိမ်မက်လေးတွေကိုယ်စီရှိတတ်ကြပေသည်။ထို့နောက် မင်္ဂလာဆောင်ပြီးသည့် အချိန်တွင်လည်းမိသားစု၏ဘဝထဲကို ဝင်ရောက်လာတော့မည့် သားသမီးလေးတို့၏ အနာဂတ်အတွက် မျှော်တွေးပြီး အိမ်မက်လေးတွေ ဆက်မက်ကြရပေသည်။

ယခုတွင်လည်း ဆောက်လုပ်ရေးလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်နေသော လင်မယားနှစ်ဦးဟာ မွေးဖွားလာတော့မည့် ရင်သွေးငယ်လေးအတွက် လိုမပ်နေသည်များကို ကြိုတင်ပြင်ဆင်နေကြခြင်းဖြစ်ပေသည်။သူတို့လင်မယားနှစ်ဦးဟာ မိုးချုပ်ပြီး အလုပ်ကပြန်လာသော်လည်း မနားနိုင်သေးပဲ ကုန်စုံဆိုင်ထဲသို့အပြေးလာကာ ရင်သွေးငယ်လေးအတွက် လိုအပ်နိုင်သည့် ပစ္စည်းလေးတွေကို အနည်းငယ်စီ ဝယ်ယူနေကြတာဖြစ်ပါတယ်။

 

ထိုပုံရိပ်လေးဟာ မိဘတို့၏ သားသမီးတို့အပေါ်ထားတဲ့မေတ္တာဟာ မည်မျှကြီးမားသလဲဆိုတာကို စကားလုံးလေးတွေဖြင့် မဖော်ပြနိုင်အောင် ဖြစ်မိပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*