အရုပ်ကောက်တဲ့စက်မှာ၊အကြိမ်ရေပေါင်း(200)ထိရှုံးနိမ့်ခဲ့လို့ရဲခေါ်ခဲ့တဲ့အမျိုးသားအဖြစ်

အရုပ်ကောက်တဲ့စက်မှာ၊အကြိမ်ရေပေါင်း(200)ထိရှုံးနိမ့်ခဲ့လို့ရဲခေါ်ခဲ့တဲ့အမျိုးသားအဖြစ်

အရုပ်ကောက်တဲ့စက်တွေကတော့၊အကြိမ်ရေဘယ်လောက်မှာတရုပ်ကျမယ်ဆိုတာကို၊စက်ပညာရှင်တွေကပြုလုပ်ထားကြသည်မဟုတ်ပါလား။သို့ပေမဲ့လွယ်ကူမယောင်နဲ့၊အတော်ကိုကောက်ရခက်တယ်ဆိုတာဆော့ဖူးသူတိုင်းသိကြမှာပါ။ကံကောင်းတဲ့သူမှ၊တရုပ်တလေရကြတဲ့အဖြစ်ကိုတော့ကြုံဖူးကြမှာပါ။

သို့ပေမဲ့ယခုတခါမှာတော့၊ဂျပန်နိုင်ငံကအမျိုးသားတစ်ယောက်ရဲ့ဖြစ်ရပ်ကတော့၊ရီရမလိုငိုရမလိုဖြစ်ခဲ့ပါတယ်။Ogarunဆိုတဲ့ဂျပန်အမျိုးသားတစ်ယောက်ဟာ၊”UFO Cathers”ဆိုတဲ့အရုပ်ကောက်စက်ကနေ၊အရုပ်ကောက်ဖို့ဆော့ခဲ့ပါတယ်။သို့ပေမဲ့အရုပ်ကောက်တာ၊အကြိမ်ပေါင်း(200)ထိကြိုးစားကောက်ခဲ့ပေမဲ့၊မရတဲ့အဆုံးရဲကိုခေါ်တိုင်ခဲ့ပါတယ်။ထို့နောက်ရဲတွေကရောက်လာခဲ့ပီး၊တခြားစက်တွေမှာဆော့ခိုင်းစေပီးစောင့်ကြည့်နေခဲ့ကြပါတယ်။

သို့ပေမဲ့၎င်းအမျိုးသားကတော့၊ဇွဲမလျှော့ပဲဆက်ကောက်တဲ့အခါမှာတော့၊အကြိမ်(300)မြောက်မှာမှတရုပ်သာကောက်ရခဲ့ပါတယ်။ထို့နောက်၎င်းအမျိုးသားက၊၎င်းအဖြစ်ပျက်လေးကိုtwitterမှာပို့စ်တင်ပီးမျှဝေပေးခဲ့တဲ့အခါမှာတော့”မင်းပိုက်ဆံတွေစက်ထဲအများကြီးဝင်သွားတာပေါ့၊နှမြောစရာကြီး”စတဲ့မှတ်ချက်တွေရေးသားခဲ့ကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*