အရုပ်ကောက်စက်ထဲက အရုပ်လိုချင်လို့ စိတ်မရှည်တော့ဘဲကိုယ်တိုင်စက်ထဲဝင်ယူခဲ့တဲ့ ၃နှစ်ကောင်လေး

အရုပ်ကောက်စက်ဆိုတော့ သိတဲ့အတိုင်း ၁ဝခါလောက်ကောက်မှ တစ်ရုပ်လောက်ရရင်တောင် ကံကောင်း.။ဒီ၃နှစ်ကလေးဂျေမီက ကြာတယ်..စိတ်မရှည်ဘူးဆိုပြီး သူ့ဘာသာအရုပ်ကောက်စက်ထဲဝင်သွားတယ်။

ဝင်သွားပြီး ပြန်မထွက်တတ်တော့ ကောက်စက်ထဲမှာသူ့ဘာသာချောင်ပိတ်မိနေတယ်။ မကြာမီမှာ ကောင်လေးအဖေနဲ့အစ်ကိုဖြစ်သူရောက်လာပြီး အရုပ်ကောက်စက်ထဲက သူ့ကို အံ့သြစွာနဲ့ မှင်သက်ကြည့်မိနေကြတယ်။

အဖေဖြစ်သူ Damien Murphyက ”သူ့ကိုထုတ်ပေးဖို့ ကျွန်တော်တို့ကြိုးစားကြည့်တယ်.. ဒါပေမယ့် သူ့ကိုပြန်ထုတ်ဖို့နေရာမတွေ့ဘူး။သူလည်း ပိတ်မိပြီးလားဆိုပြီး လန့်နေတယ်။ စိတ်အေးအေးထားခဏနေ အပြင်ရောက်အောင်လုပ်ပေးမယ်ပြောမှ သူစိတ်အေးသွားတယ်..

ဝန်ထမ်းတစ်ယောက်ကိုအကူညီတောင်းတော့မှ သော့ဖွင့်ပြီးထုတ်ပေးလိုက်ရတယ်” ကံကောင်းစွာနဲ့ ဂျေမီကို တာဝန်ကျလုံခြုံရေးတွေ အန္တရာယ်ကင်းစွာ ကယ်ထုတ်ပေးနိုင်ခဲ့တယ်။ ကယ်ဆယ်ရေးသမားတွေကြည့်ရတာ ဒီလိုကိစ္စမျိုးတွေကိုမကြာခဏကြုံနေရသလိုပဲ.. လွယ်လွယ်လေးဖြေရှင်းပေးသွားနိုင်တယ် လို့ ဂျေမီအဖေကပြောပါတယ်။

ဝန်ထမ်းတွေ အရမ်းတော်တယ်။သူတို့လည်းစိတ်ပူပြီး ကူညီပေးခဲ့တယ်။ ဒီလိုမျိုး အရုပ်ကောက်စက်ထဲဝင်တဲ့ကလေးမျိုး တစ်ခါမှမတွေ့ဖူးဘူးလို့ ပြောပါတယ်။ ဂျေမီလေး ကံကောင်းသွားတယ်..ကယ်ဆယ်ရေးတွေကိုစောင့်နေတဲ့အချိန် ဝက်ဝံရုပ်လေးနှစ်ရုပ်ကို ယူထားနိုင်တယ်လို့ တာဝန်ရှိသူတွေကခွင့်ပြုပေးလိုက်တယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*