အရမ်းတွေ ရိုပြီး မီးတွေထွန်းကာ ချစ်သူကို လက်ထပ်ခွင့်တောင်းတဲ့ ကောင်လေးကြောင့် ဘေးမှာ မီးသတ်ဆေးဗူးကိုင်ပြီး စောင့်နေရတဲ့ စိုးရိမ်ကြီးတဲ့ လုံခြုံရေးဦးလေးကြီး

ကဗျာဆန်ဆန်ဖြင့် ချစ်သူကောင်မလေးကို ကောင်လေးက လက်ထပ်ခွင့်နေသော်လည်း ဘေးကနေ စိုးရိမ်ကြီးစွာဖြင့် မီးသတ်ဆေးဗူးကိုင်ပြီး စောင့်နေခဲ့ရသည့် အစောင့်တစ်ဦး

ကောင်လေးတစ်ဦးဟာ သူအလွန်ချစ်ရသည့် ကောင်မလေးကို ဘဝ၏အမှတ်တရာများကျန်စေချင်ခဲ့ပုံရပါတယ်။ထို့ကြောင့်ကောင်လေးဟာ ချစ်သူကောင်မလေးကို အဆောင်တစ်ခု၏ရှေ့တွင် ဖယောင်းတိုင်မီးများ ပန်းပွင့်လေးများဖြင့် လူအများကြားတွင် အချစ်များကို အမှန်တကယ်ချစ်ကြောင်း သက်သေပြခဲ့ပါတယ်။

ထို့နောက်တွင် ကောင်မလေးဟာလည်း အလွန်ကြည်နူးစွာဖြင့် ကဗျာဆန်လှသော ချစ်ခွင့်ပန်မှု၏အောက်တွင် ပျော်ရွင်စွာလက်ခံခဲ့ပြီး ချစ်သူကောင်လေးကို ဖက်ထားခဲ့ပါတယ်။ထိုကြည်နူးဖွယ်ပုံရိပ်လေးဟာ လိုင်းပေါ်တတ်လာသည့်အချိန်တွင် သူတို့၏ ချစ်ခွင့်ပန်သည့်ပုံရိပ်ထပ် ဘေးတွင် စိုးရိမ်စွာဖြင့် ထိုင်စောင့်နေသော လုံခြုံရေးအစောင့်က ပို၍နာမည်ကြီးနေခဲ့ပါတယ်။

လူငယ်လေးတွေဟာ ချစ်ခွင့်ပန်နေသည်ကို အားကျစွာဖြင့် စုပြုံနေကြသော်လည်း လုံခြုံရေးအစောင့်ကတော့ မီးသတ်ဆေးဗူးကိုင်ပြီး စိတ်ပျက်စွာဖြင့် စောင့်နေခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*