
အရပ်ရှည်ရှည်ဖြင့် ချစ်စဖွယ်ကောင်းသည့်သမီးလေးဖြစ်စေချင်သဖြင့် တစ်နေ့ကို အကြိမ်၃၀၀၀ကြိုးခုန်ခိုင်းသည့် မိခင်ကြောင့် အရိုးအဆစ်ရောင်ရောဂါကို ခံစားခဲ့ရသည့် ၁၃နှစ်အရွယ်ကလေး
မိဘတိုင်းသည် သူတို့၏သားသမီးလေးတွေကို ကျန်းမာကြံ့ခိုင်ပြီး သန်စွမ်းသော ကလေးငယ်များဖြစ်စေလိုကြသည်။ထို့ကြောင့်လည်း ကလေးများအား အစာအဟာရပြည့်ဝသော အစားအစာများကိုသာ စားစေပြီး လေ့ကျင့်ခန်းများကိုလည်း ပုံမှန်လုပ်ကိုင်းတတ်တာဖြစ်ပါတယ်။
တရုတ်နိုင်ငံ Zhejiaပြည်နယ် Hangzhouမြို့တွင်နေထိုင်သော မိခင်တစ်ဦးဟာ သမီးဖြစ်သူ Yuanyuanကို အရပ်ရှည်ပြီး ပိုမိုကျန်းမားလာစေရန်အတွက် တစ်နေ့ကို အကြိမ်ရေ၃၀၀၀အထိ ကြိုးခုန်ခိုင်းခဲ့တာဖြစ်ပါတယ်။
ထို့သို့ပြင်းထန်စွာလေ့ကျင်ရမှုကြောင့် ကလေး၏ဒူးများဟာ နာကျင်လာခဲ့ရပါတယ်။ထိုအခါ ဆေးရုံသို့ ပြသကြည့်ခဲ့ရာမှာတော့ ကလေးငယ်ဟာ အရိုးအဆစ်ရောင်ရောဂါကို ခံစားနေရပြီဖြစ်ကြောင်း ဝမ်းနည်းစွာဖြင့် သိရှိခဲ့ရတာဖြစ်ပါတယ်။
Zawgyi
Leave a Reply