အရက် သောက်သုံးသူ အမျိုးသမီးဦးရေပိုများလာပြီး အမျိုးသားဦးရေကျဆင်းသွား

နှစ်ပေါင်းများစွာအတွင်း အရက် သောက်သုံးသူ အမျိုးသားဦးရေဟာ ကျဆင်းလာပြီး အရက် သောက်သုံးသူ အမျိုးသမီးဦးရေဟာတော့ လပိုင်းအတွင်း များလာတယ်လို့ သတင်းရရှိပါတယ်။

ခုဆိုရင် အရက်သောက်သုံးသူ အမျိုးသမီးဦးရေနဲ့ အမျိုးသားဦးရေဟာ ကွာဟမှုနည်းလာပြီး အရက်ကို သောက်သုံးလာတဲ့ အမျိုးသမီးဦးရေဟာ ‘Alarming Rise’ (စိုးရိမ်ဖွယ်ရာ တိုးတက်မှု) အဖြစ် ကျွမ်းကျင်ပညာရှင်တွေက သတိပေးထားပါတယ်။


စစ်တမ်းလေ့လာမှုတွေထဲမှာ အရက်ကို လက်ရှိသောက်သုံးနေသူတွေ၊ တစ်လကို ရက်တော်တော်များများ သောက်သုံးသူတွေ၊ အရက်အလွန်အကျွံ သောက်သုံးသူတွေနဲ့ အရက်သောက်၍ ယာဉ်မောင်းသူတွေ ပါဝင်ပါတယ်။ “အမျိုးသားတွေက အရက်ကို ပိုသောက်နေကြတုန်းပါပဲ၊ ဒါပေမဲ့ အမျိုးသမီးနဲ့ အမျိုးသားကြားက ကွာဟမှုက မှေးမှိန်လာပြီ။” လို့ အရက်အလွဲသုံးစားလုပ်မှုနှင့် အရက်စွဲကပ်မှုဆိုင်ရာ နိုင်ငံတော်တက္ကသိုလ်မှ ဒေါက်တာ Aaron White ကပြောခဲ့ပါတယ်။

‘တခြား မကြာသေးမီက ထုတ်ပြန်ချက်တွေကလည်း အမေရိကန်မှာရှိတဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ အရက်သောက်သုံးမှု ပုံစံတွေဟာ ပြောင်းလဲနေကြောင်း ဒီသုတေသနရပ်က အတည်ပြုပါတယ်။’ လို့ အရက်အလွဲသုံးစားလုပ်မှုနှင့် အရက်စွဲကပ်မှုဆိုင်ရာ နိုင်ငံတော်တက္ကသိုလ် (NIAAA) မှ ဒေါက်တာ George Koob ကပြောသွားခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*