အမှောင်ထဲမှာ သေးငယ်တဲ့ Galaxy လေးလို တောက်ပနေနိုင်တဲ့ မှိုတစ်မျိုး

အမှောင်ထဲမှာ သေးငယ်တဲ့ Galaxy လေးလို တောက်ပနေနိုင်တဲ့ မှိုတစ်မျိုး

မှိုတွေဟာ အလွန်ကောင်းမွန်တဲ့ အရည်အသွေးများ၊ အသုံးပြုမှုများနှင့်အတူ စွဲမက်ဖွယ်ကောင်းတဲ့သက်ရှိများဖြစ်ပါတယ်။ ဒါပေမယ့် ၎င်းတို့ဟာ အမှောင်ထဲမှာလည်း တောက်ပနိုင်တယ်ဆိုတာကိုကော သင်သိပါသလား။ Singapore နိုင်ငံဟာ bioluminescent မှိုအမျိုးမျိုးရှိသည့်နေရာဒေသဖြစ်ပါတယ်။

သို့သော် ဤသဘာဝအတိုင်း ဖြစ်ပေါ်နေသည့်ဖြစ်စဉ်ဟာ ရာသီအလိုက်သာဖြစ်ပွားလေ့ရှိပြီး အခုလိုတောက်ပတဲ့ဇီဝအလင်းဖြာထွက်မှုရှိသောမှိုအစုအဝေးကြီးကိုတွေ့ရှိရဖို့ကတော့ ရှားပါးပါတယ်။ သို့သော်လည်း မက်ခရိုဓာတ်ပုံဆရာ Nicky Bay ဟာ ရှားပါးတောက်ပတဲ့မှိုများပါသည့် ဓာတ်ပုံစီးရီးတစ်ခုလုံးကိုရိုက်ကူးနိုင်ခဲ့ပါတယ်။

Facebook group များရှိ အခြားစိတ်အားထက်သန်သူများထံမှသူငယ်ချင်းများနှင့် အကြံဉာဏ်များရဲ့အကူအညီဖြင့် Bay ဟာ ဤထူးခြားတဲ့မြင်ကွင်းတွေကို နှစ်အတော်ကြာအောင်လိုက်လံရှာဖွေခဲ့ပြီး သူ့ရဲ့ကြိုးစားအားထုတ်မှုကလည်း များစွာအောင်မြင်ခဲ့ပါတယ်။

“ကျွန်တော့်ရဲ့ ပထမဆုံးတွေ့ဆုံမှုက မှိုအနည်းငယ်သာမြင်နေရပေမဲ့ အံ့သြစရာပါပဲ ၊ အစပိုင်းတော့ မှိုရဲ့အလင်းရောင်က မှိန်ဖျော့သွားပေမယ့် အမှောင်ထဲမျက်စိကျလာတဲ့အခါ တောက်ပတဲ့ မှော်ဆန်တဲ့ မိုက်ခရိုထီးတစ်လက်လိုဖြစ်လာတယ်၊ အခုတော့ တောက်ပတဲ့မှိုအစုအဝေးကြီးကို လိုက်ရှာနေလေ့ရှိပါတယ်၊

အပင်ပေါက်ပြီး တစ်ရက်အတွင်း မှိုရဲ့အလင်းရောင်က ထိပ်မှာသာရှိရှိနေတတ်လို့ ဓာတ်ပုံကောင်းတွေရရှိဖို့ ရှားပါးပါတယ် မှိုတွေက ရာသီဥတုပေါ်မူတည်ပြီး နှစ်ရက် ဒါမှမဟုတ် သုံးရက်အတွင်း လုံးလုံးပေါက်တတ်တယ်၊ ဒါကြောင့် သူတို့ရဲ့အကောင်းဆုံးအခြေအနေမှာ အစုလိုက်အပြုံလိုက်ကြီးကိုဓာတ်ပုံရိုက်ခွင့်ရဖို့က အလွန်ရှားပါးပြီး စိတ်လှုပ်ရှားစရာဖြစ်စေတယ် “ ဟု Bay ကပြောကြားခဲ့ပါတယ်။

Bay ဟာ ဇီဝအလင်းရောင်မှိုအစုအဝေးကြီးတစ်ခုနှင့် အတွေ့အကြုံတစ်ခုကြောင့် ရရှိလာတဲ့မှော်ဆန်တဲ့မြင်ကွင်းကို “a little galaxy of mushrooms” ဟုရည်ညွှန်းခဲ့ပါတယ်။

ဓာတ်ပုံတွေမှာပင် ၎င်းတို့က အစစ်မဟုတ်ဘူးလို့ထင်ရနိုင်တာကြောင့် ဤတောက်ပတဲ့မှိုလေးများကို လူကိုယ်တိုင်ကြုံတွေ့ရရန် မည်မျှ ဆန်းကြယ်ကြောင်း စိတ်ကူးကြည့်ရန်ခက်ခဲပါတယ်။ လူသိများတဲ့ မှိုမျိုးစိတ်ပေါင်း 148,000 ကျော်တွင် 70 ခန့်သာ bioluminescence ကိုပြသကြောင်းသိရှိရပါတယ်။ ဒါ့ကြောင့် Bay က ဒီလိုအတွေ့အကြုံမျိုးက တော်တော်ရှားတယ်လို့ပြောတဲ့အခါ ရယ်စရာတော့မဖြစ်နိုင်ပါဘူး။

Zawgyi

အေမွာင္ထဲမွာ ေသးငယ္တဲ့ Galaxy ေလးလို ေတာက္ပေနႏိုင္တဲ့ မႈိတစ္မ်ိဳး

မႈိေတြဟာ အလြန္ေကာင္းမြန္တဲ့ အရည္အေသြးမ်ား၊ အသုံးျပဳမႈမ်ားႏွင့္အတူ စြဲမက္ဖြယ္ေကာင္းတဲ့သက္ရွိမ်ားျဖစ္ပါတယ္။ ဒါေပမယ့္ ၎တို႔ဟာ အေမွာင္ထဲမွာလည္း ေတာက္ပႏိုင္တယ္ဆိုတာကိုေကာ သင္သိပါသလား။ Singapore ႏိုင္ငံဟာ bioluminescent မႈိအမ်ိဳးမ်ိဳးရွိသည့္ေနရာေဒသျဖစ္ပါတယ္။

သို႔ေသာ္ ဤသဘာဝအတိုင္း ျဖစ္ေပၚေနသည့္ျဖစ္စဥ္ဟာ ရာသီအလိုက္သာျဖစ္ပြားေလ့ရွိၿပီး အခုလိုေတာက္ပတဲ့ဇီဝအလင္းျဖာထြက္မႈရွိေသာမႈိအစုအေဝးႀကီးကိုေတြ႕ရွိရဖို႔ကေတာ့ ရွားပါးပါတယ္။ သို႔ေသာ္လည္း မက္ခ႐ိုဓာတ္ပုံဆရာ Nicky Bay ဟာ ရွားပါးေတာက္ပတဲ့မႈိမ်ားပါသည့္ ဓာတ္ပုံစီးရီးတစ္ခုလုံးကို႐ိုက္ကူးႏိုင္ခဲ့ပါတယ္။

Facebook group မ်ားရွိ အျခားစိတ္အားထက္သန္သူမ်ားထံမွသူငယ္ခ်င္းမ်ားႏွင့္ အႀကံဉာဏ္မ်ားရဲ႕အကူအညီျဖင့္ Bay ဟာ ဤထူးျခားတဲ့ျမင္ကြင္းေတြကို ႏွစ္အေတာ္ၾကာေအာင္လိုက္လံရွာေဖြခဲ့ၿပီး သူ႔ရဲ႕ႀကိဳးစားအားထုတ္မႈကလည္း မ်ားစြာေအာင္ျမင္ခဲ့ပါတယ္။

“ကြၽန္ေတာ့္ရဲ႕ ပထမဆုံးေတြ႕ဆုံမႈက မႈိအနည္းငယ္သာျမင္ေနရေပမဲ့ အံ့ၾသစရာပါပဲ ၊ အစပိုင္းေတာ့ မႈိရဲ႕အလင္းေရာင္က မွိန္ေဖ်ာ့သြားေပမယ့္ အေမွာင္ထဲမ်က္စိက်လာတဲ့အခါ ေတာက္ပတဲ့ ေမွာ္ဆန္တဲ့ မိုက္ခ႐ိုထီးတစ္လက္လိုျဖစ္လာတယ္၊ အခုေတာ့ ေတာက္ပတဲ့မႈိအစုအေဝးႀကီးကို လိုက္ရွာေနေလ့ရွိပါတယ္၊

အပင္ေပါက္ၿပီး တစ္ရက္အတြင္း မႈိရဲ႕အလင္းေရာင္က ထိပ္မွာသာရွိရွိေနတတ္လို႔ ဓာတ္ပုံေကာင္းေတြရရွိဖို႔ ရွားပါးပါတယ္ မႈိေတြက ရာသီဥတုေပၚမူတည္ၿပီး ႏွစ္ရက္ ဒါမွမဟုတ္ သုံးရက္အတြင္း လုံးလုံးေပါက္တတ္တယ္၊ ဒါေၾကာင့္ သူတို႔ရဲ႕အေကာင္းဆုံးအေျခအေနမွာ အစုလိုက္အၿပဳံလိုက္ႀကီးကိုဓာတ္ပုံ႐ိုက္ခြင့္ရဖို႔က အလြန္ရွားပါးၿပီး စိတ္လႈပ္ရွားစရာျဖစ္ေစတယ္ “ ဟု Bay ကေျပာၾကားခဲ့ပါတယ္။

Bay ဟာ ဇီဝအလင္းေရာင္မႈိအစုအေဝးႀကီးတစ္ခုႏွင့္ အေတြ႕အႀကဳံတစ္ခုေၾကာင့္ ရရွိလာတဲ့ေမွာ္ဆန္တဲ့ျမင္ကြင္းကို “a little galaxy of mushrooms” ဟုရည္ၫႊန္းခဲ့ပါတယ္။

ဓာတ္ပုံေတြမွာပင္ ၎တို႔က အစစ္မဟုတ္ဘူးလို႔ထင္ရႏိုင္တာေၾကာင့္ ဤေတာက္ပတဲ့မႈိေလးမ်ားကို လူကိုယ္တိုင္ႀကဳံေတြ႕ရရန္ မည္မွ် ဆန္းၾကယ္ေၾကာင္း စိတ္ကူးၾကည့္ရန္ခက္ခဲပါတယ္။ လူသိမ်ားတဲ့ မႈိမ်ိဳးစိတ္ေပါင္း 148,000 ေက်ာ္တြင္ 70 ခန႔္သာ bioluminescence ကိုျပသေၾကာင္းသိရွိရပါတယ္။ ဒါ့ေၾကာင့္ Bay က ဒီလိုအေတြ႕အႀကဳံမ်ိဳးက ေတာ္ေတာ္ရွားတယ္လို႔ေျပာတဲ့အခါ ရယ္စရာေတာ့မျဖစ္ႏိုင္ပါဘူး။

 

Be the first to comment

Leave a Reply

Your email address will not be published.


*