အမှိုက်ပုံးထဲက တွေ့ခဲ့တဲ့ ကလေးငယ်ကို ပြုစုပျိုးထောင်ပေးလိုက်တဲ့ အိမ်ခြေမဲ့ ၄၃ နှစ်အရွယ် အမျိုးသား

အမှိုကျပုံးထဲက တှေ့ခဲ့တဲ့ ကလေးငယျကို ပွုစုပြိုးထောငျပေးလိုကျတဲ့ အိမျခွမေဲ့ ၄၃ နှဈအရှယျ အမြိုးသား

တရုတ်နိုင်ငံက Xiong Jiangou အမည်ရှိတဲ့ ၄၃ နှစ်အရွယ်အိမ်ခြေမဲ့ အမျိုးသားတစ်ဦးက အမှိုက်ပုံးတစ်ခုမှာ ပလက်စတစ်ဘူးခွံတွေကို ရှာဖွေနေစဉ်မှာ ကလေးရဲ့ငိုသံကို ကြားခဲ့ပါတယ်။ အဲ့ဒီအသံကိုကြားတာနဲ့ အမှိုက်ပုံးထဲကိုချက်ချင်းရှာဖွေလိုက်တော့ စောင်နဲ့ခြုံပတ်ထားတဲ့ ကလေးမလေး ကို တွေ့ခဲ့ပါတယ်။

ပြီးတော့ က‌လေး ရဲ့ဘေးမှာ “အောက်တိုဘာ၊ ၁၅ရက်နေ့ မွေးဖွားခဲ့” ဆိုတဲ့ note လေးပါတယ်။ Jiangou က အဲ့ဒီကလေးမလေးကို သူ့မရဲ့မိဘတွေက သမီးမိန်းကလေးမလိုချင်လို့ ထားခဲ့တာနေမှာ ဆိုပြီး ယူဆခဲ့ပါတယ်။Jiangou ကသူတွေ့ခဲ့တဲ့ ကလေးမလေးကို Yanyan လို့အမည်ပေးပြီး သူ့ဇနီးရဲ့ တိုက်ခန်းငယ်လေးတစ်ခန်းမှာ နေထိုင်ခဲ့ပါတယ်။ သို့ပေမဲ့လည်း Jiangouဟာ သူ့ဇနီးနဲ့အိမ်ထောင်ရေးပျိုပြတ်သွားခဲ့ပါတယ်။

Yanyan အသက် ၄နှစ်အရွယ်မှာ တရုတ်နိုင်ငံ၊ Nanchang မြို့ရဲ့ တံတားတစ်ခုအောက်မှာဘဲ Jiangou နဲ့ Yanyan တို့နှစ်ဦး နေထိုင်ခဲ့ပါတယ်။Jiangou က “ဘယ်လိုအခြေနေဘဲဖြစ်နေပါစေ ကျွန်တော် သူမကို ကိုယ့်ခြေထောက်‌ပေါ် ကိုယ်ရပ်တည်နိုင်တဲ့အထိ ‌ကျွေးမွေးစောင့်ရှောက်မယ်” ဆိုပြီး ပြောခဲ့ပါတယ်။

ကလေးငယ် အယောက်ပေါင်း ၄၀,၀၀၀ ကျော်လောက်ရှိတဲ့ တရုတ်နိုင်ငံက မိဘမဲ့ဂေဟာမှာ သူ့ရဲ့ကလေးမလေး Yanyan ကို မထားရက်နိုင်တဲ့ အတွက်ကြောင့် သူရဲ့သမီးအရင်းအဖြစ် Yanyan ကို မွေးစားမယ်ဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ်။ Jiangou က သူမ ကျောင်းမသွားနိုင်မှာကို စိုးရိမ်ကြောင်းကျခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ လိပ်စာစုံစုံလင်လင်မရှိတဲ့အတွက်ကြောင့်ပါ။ Jiangou ကဘဲ သူမကို ဘယ်လိုရေးရမယ်၊ ဖတ်ရမယ် နဲ့ သူ့ရဲ့ အခြားအိမ်ခြေမဲ့ သူငယ်ချင်းတွေ အကူအညီတချို့ကို ယူပြီး သင်္ချာပုစ္ဆာ အခြေခံတွေကို အကောင်းဆုံးသင်ပေးခဲ့ပါတယ်။

Jiangou ဟာ သူငယ်ငယ်လေးကတည်းက မိဘနှစ်ပါးဆုံးသွားခဲ့တာကြောင့် ၃တန်းအထိဘဲ ကျောင်းတက်ခဲ့ရတာပါ။ဒါပေမဲ့ ‘Yanyan က ဉာဏ်ကောင်းတယ်၊ သင်ယူမှုတွေကိုလည်း လွယ်လွယ်ကူကူနဲ့ လျင်မြန်စွာသင်ယူနိုင်တယ်။ သူမ ကဗျာတွေ ၊ ဝတ္ထုတွေကို ဖတ်ရတာလည်း ဝါသနာပါတယ်။ ‘ လို့ Jiangou က ပြောခဲ့ပါတယ်။

Jiangou က ဘူးခွံတွေ Plastic ခွံတွေကို ရောင်ပြီး ပိုက်ဆံရှာရတာကြောင့် တခါတလေ အစားအစာကို လုံလုံလောက်လောက်နဲ့ မစားရပေမဲ့ Yanyan က ပြသာနာလုံးဝမရှာခဲ့ပါဘူး။ Xiong Jiangou ဟာ သူ့ရဲ့ သမီးလေးကိုပံ့ပိုးပေးပြီး ပုံမုန်အလုပ်လေးနဲ့လူ့‌ဘောင်အတွင်းကောင်းကောင်းမွန်မွန် နေထိုင်နိုင်ဖို့ ရည်မှန်းထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*