
အမှိုက်တွေ ကောက်ယူ၊ရောင်းချတဲ့ အလုပ်မျိုးကိုသာလုပ်ပြီး စိုက်ပျိုးမြေဧကအကျယ်ကြီးကိုဝယ်ယူနိုင်ခဲ့တဲ့ အဘိုးအို
ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ အသက် 70 အရွယ် Ba Kraham အမည်ရှိတဲ့ အဘိုးအိုဟာ အလုပ်မျိုးစုံကိုလုပ်ဖူးခဲ့သူတစ်ဦးဖြစ်ပါတယ် ။ ဆောက်လုပ်ရေးဝန်ထမ်းအဖြစ်လုပ်ကိုင်ခဲ့ပြီး အသက်အရွယ်ကြီးရင့်လာတော့ အနားယူခဲ့ပါတယ် ။ နောက်ပိုင်း အိမ်မှာ အသုံးမလိုတဲ့လူတစ်ယောက်လို မဖြစ်ချင်လို့ ဇနီးဖြစ်သူနဲ့အတူ စိုက်ပျိုးရေးအလုပ်လုပ်ကိုင်ခဲ့ပါတယ် ။
5 နှစ်အကြာမှာတော့ ကျန်းမာရေးအခြေအနေဆိုးလာလို့ အနားယူခဲ့ပြီး အမှိုက်ကောက်တဲ့ အလုပ်မျိုးကိုသာ 10 နှစ်ခန့်လုပ်ကိုင်ခဲ့ပါတယ် ။ အမှိုက်တွေကောက်ပြီး ရောင်းချတဲ့အလုပ်ဟာ တစ်လကိုဝင်ငွေ ဘတ် 10,000 အထိရရှိခဲ့ပြီးနောက် ၊ အဆိုပါငွေတွေကိုစုဆောင်းကာ 12 ဧက အကျယ်ရှိတဲ့ ခြံတစ်ခုကို ဝယ်ယူနိုင်ခဲ့ပါတယ် ။ အဘိုးအိုရဲ့ခြံကိုကြိုက်နှစ်သက်ပြီး လာရောက်ဝယ်ယူသူတွေ ရှိခဲ့ပေမဲ့လည်း အဘိုးအိုက သားသမီးတွေအတွက် ချန်ရစ်ထားခဲ့မှာမို့ မရောင်းဖို့ဆုံးဖြတ်ခဲ့ပါတယ် ။
အဘိုးအိုကတော့ ယနေ့အထိရပ်တည်လာနိုင်ခဲ့တဲ့ သူ့ရဲ့ယုံကြည်ချက်ကို ဝေမျှခဲ့ပါတယ် ။ ‘ သင်သာ ရိုးသားကြိုးစားမယ်ဆိုရင် အခွင့်အရေးတွေက သင့်ဆီအရောက်လာမှာပါ ၊ ကမ္ဘာပေါ်မှာရှိတဲ့ အရာရာတိုင်းကို သင်လုပ်နိုင်ပါတယ် ၊ ကျွန်တော့်လိုပေါ့ ၊ ကျွန်တော်ကတော့ တစ်ခါးမှ အမှိုက်တွေကို ရွံစရာလို့ မတွေးထင်ခဲ့ပါဘူး ၊ ဘာလို့လည်းဆိုတော့ သူတို့တွေက ကျွန်တော့်ကိုပိုက်ဆံရှာပေးနေလို့ပါ ၊ တခြားအလုပ်လည်း လုပ်စရာမလိုဘူး ၊ အလုပ်မှာလည်း သူဋ္ဌေးဆိုတာရှိမနေဘူး ၊ အဲ့တော့ နေ့တိုင်း အလုပ်ပျော်ပျော်ရွှင်ရွှင် လုပ်နေရပါတယ် ‘ ဆိုပြီး အဘိုးအိုက ပြောပြခဲ့ပါတယ် ။
“အခြားသူတွေ ကိုယ့်ကို ဘယ်လိုပဲထင်ထင် ကိုယ့်ရဲ့အိမ်မက်ကိုသာ ပျော်ပျော်ရွှင်ရွှင်နဲ့ဆက်ပြီး အကောင်အထည်ဖော်နေပါ ၊ အောင်မြင်မှုဆိုတဲ့အရာက ကိုယ်လုပ်ဆောင်ခဲ့တဲ့အရာပေါ် မူတည်နေတာပါ ၊ အခြားလူတွေပေါ် မူတည်နေတာမဟုတ်ပါဘူး” ဆိုပြီးတော့လည်း အဘိုးအိုက ထပ်လောင်းပြောပြသွားခဲ့ပါသေးတယ် ။
Zawgyi
အမႈိက္ေတြ ေကာက္ယူ၊ေရာင္းခ်တဲ့ အလုပ္မ်ိဳးကိုသာလုပ္ၿပီး စိုက္ပ်ိဳးေျမဧကအက်ယ္ႀကီးကိုဝယ္ယူႏိုင္ခဲ့တဲ့ အဘိုးအို
ထိုင္းႏိုင္ငံမွာ ေနထိုင္တဲ့ အသက္ 70 အ႐ြယ္ Ba Kraham အမည္ရွိတဲ့ အဘိုးအိုဟာ အလုပ္မ်ိဳးစုံကိုလုပ္ဖူးခဲ့သူတစ္ဦးျဖစ္ပါတယ္ ။ ေဆာက္လုပ္ေရးဝန္ထမ္းအျဖစ္လုပ္ကိုင္ခဲ့ၿပီး အသက္အ႐ြယ္ႀကီးရင့္လာေတာ့ အနားယူခဲ့ပါတယ္ ။ ေနာက္ပိုင္း အိမ္မွာ အသုံးမလိုတဲ့လူတစ္ေယာက္လို မျဖစ္ခ်င္လို႔ ဇနီးျဖစ္သူနဲ႔အတူ စိုက္ပ်ိဳးေရးအလုပ္လုပ္ကိုင္ခဲ့ပါတယ္ ။
5 ႏွစ္အၾကာမွာေတာ့ က်န္းမာေရးအေျခအေနဆိုးလာလို႔ အနားယူခဲ့ၿပီး အမႈိက္ေကာက္တဲ့ အလုပ္မ်ိဳးကိုသာ 10 ႏွစ္ခန႔္လုပ္ကိုင္ခဲ့ပါတယ္ ။ အမႈိက္ေတြေကာက္ၿပီး ေရာင္းခ်တဲ့အလုပ္ဟာ တစ္လကိုဝင္ေငြ ဘတ္ 10,000 အထိရရွိခဲ့ၿပီးေနာက္ ၊ အဆိုပါေငြေတြကိုစုေဆာင္းကာ 12 ဧက အက်ယ္ရွိတဲ့ ၿခံတစ္ခုကို ဝယ္ယူႏိုင္ခဲ့ပါတယ္ ။ အဘိုးအိုရဲ႕ၿခံကိုႀကိဳက္ႏွစ္သက္ၿပီး လာေရာက္ဝယ္ယူသူေတြ ရွိခဲ့ေပမဲ့လည္း အဘိုးအိုက သားသမီးေတြအတြက္ ခ်န္ရစ္ထားခဲ့မွာမို႔ မေရာင္းဖို႔ဆုံးျဖတ္ခဲ့ပါတယ္ ။
အဘိုးအိုကေတာ့ ယေန႔အထိရပ္တည္လာႏိုင္ခဲ့တဲ့ သူ႔ရဲ႕ယုံၾကည္ခ်က္ကို ေဝမွ်ခဲ့ပါတယ္ ။ ‘ သင္သာ ႐ိုးသားႀကိဳးစားမယ္ဆိုရင္ အခြင့္အေရးေတြက သင့္ဆီအေရာက္လာမွာပါ ၊ ကမာၻေပၚမွာရွိတဲ့ အရာရာတိုင္းကို သင္လုပ္ႏိုင္ပါတယ္ ၊ ကြၽန္ေတာ့္လိုေပါ့ ၊ ကြၽန္ေတာ္ကေတာ့ တစ္ခါးမွ အမႈိက္ေတြကို ႐ြံစရာလို႔ မေတြးထင္ခဲ့ပါဘူး ၊ ဘာလို႔လည္းဆိုေတာ့ သူတို႔ေတြက ကြၽန္ေတာ့္ကိုပိုက္ဆံရွာေပးေနလို႔ပါ ၊ တျခားအလုပ္လည္း လုပ္စရာမလိုဘူး ၊ အလုပ္မွာလည္း သူေ႒းဆိုတာရွိမေနဘူး ၊ အဲ့ေတာ့ ေန႔တိုင္း အလုပ္ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ လုပ္ေနရပါတယ္ ‘ ဆိုၿပီး အဘိုးအိုက ေျပာျပခဲ့ပါတယ္ ။
“အျခားသူေတြ ကိုယ့္ကို ဘယ္လိုပဲထင္ထင္ ကိုယ့္ရဲ႕အိမ္မက္ကိုသာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ဆက္ၿပီး အေကာင္အထည္ေဖာ္ေနပါ ၊ ေအာင္ျမင္မႈဆိုတဲ့အရာက ကိုယ္လုပ္ေဆာင္ခဲ့တဲ့အရာေပၚ မူတည္ေနတာပါ ၊ အျခားလူေတြေပၚ မူတည္ေနတာမဟုတ္ပါဘူး” ဆိုၿပီးေတာ့လည္း အဘိုးအိုက ထပ္ေလာင္းေျပာျပသြားခဲ့ပါေသးတယ္ ။
Leave a Reply