အမြဲအတူရှိနေခဲ့တဲ့ ဝက်ဝံရုပ်လေးနဲ့အတူ ကတ်ထူသေတ္တာထဲထည့်ပြီး စွန့်ပစ်ခံခဲ့ရတဲ့ ယုန်လေး

လန်ဒန်မြို့ရှိ Good Samaritan အမည်ရှိတဲ့အမျိုးသားဟာ လမ်းတစ်ဖက်ခြမ်းရှိ သေတ္တာတစ်လုံးထဲမှာတစ်ခုခုရွေ့လျားနေတာကိုမြင်လိုက်တဲ့အခါ ထိတ်လန့်သွားခဲ့ပါတယ်။ Good Samaritan ဟာ ၎င်းသေတ္တာကို အနီးကပ်သွားကြည့်လိုက်တော့ သေတ္တာထဲမှာ ဝက်ဝံအရုပ်တစ်ခုနှင့်ပြေးလွှားနေတဲ့ယုန်တစ်ကောင်ကို တွေ့လိုက်ရလို့ အံ့ဩသွားခဲ့ပါတယ်။

ရာသီအေးခဲနေစဉ်အတွင်း သေတ္တာထဲမှထိခိုက်လွယ်တဲ့ယုန်တစ်ကောင်တည်းကို စိုးရိမ်တဲ့အတွက်ကြောင့် ယုန်ကို အိမ်သို့ခေါ်ပြန်ပြီး RSPCA သို့အကူအညီတောင်းခဲ့ပါတယ်။RSPCA ရှိ Lisa Miller အမည်ရှိတဲ့အမျိုးသမီးတိရိစ္ဆာန်စုဆောင်းမှုအရာရှိက သနားစရာကောင်းတဲ့ယုန်လေးကို Nigel လို့အမည်ပေးခဲ့ပြီး Good Samaritan ရဲ့နေအိမ်မှ ခေါ်ဆောင်သွားခဲ့ပါတယ်။

” Nigelလေး ဝက်ဝံရုပ်ကိုက်ပြီးပတ်ပြေးနေတာကို ကြည့်ရတာ အရမ်းချစ်စရာကောင်းတယ် သူက ဒီမတိုင်ခင် သေတ္တာထဲမှာဝက်ဝံရုပ်နဲ့ အချိန်တော်တော်ကြာ နေခဲ့ရမယ်ထင်တယ်” လို့ Miller ကဆိုပါတယ်။ထို့နောက် Nigel ကို တိရိစ္ဆာန်ဆေးခန်းတစ်ခုသို့ ခေါ်သွားစစ်ဆေးပေးခဲ့ကာ Nigel က ကျန်းမာရေးအလွန်ကောင်းမွန်နေပြီး ထိခိုက်ဒဏ်ရာများလည်းမရှိခဲ့ပါဘူး။“ဒီလိုမျိုး အအေးမိစေပြီး ထိခိုက်လွယ်တဲ့နေရာမှာဘယ်တိရိစ္ဆာန်မှ မထားခဲ့သင့်ပါဘူး၊

သူ့ကို Good Samaritan တွေ့ရှိခဲ့ရတာက အရမ်းကံကောင်းခဲ့တယ် ” လို့ Miller က ထပ်မံပြောကြားခဲ့ပါတယ်။Nigel ကို Kent ရှိ တိရိစ္ဆာန်ဘော်ဒါဆောင်တစ်ခုသို့ ပို့ဆောင်ပေးခဲ့ကြပါတယ်။Nigel က စွန့်ပစ်ခံထားရတာကြောင့် အစပိုင်းမှာ ကြောက်လန့်နေခဲ့ပေမဲ့ ဝက်ဝံရုပ်လေးက သူ့အတွက် အလုံခြုံဆုံးစောင်တစ်ခုဖြစ်စေခဲ့ပါတယ်။Nigel လေးအတွက် ထာဝရအိမ်တစ်လုံး အမြန်ရှာပေးကြမယ်လို့လည်း မျှော်လင့်နေမိပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*