အမြဲတမ်းမိန်းမက ဆူညံပူညံလုပ်နေလို့ အတူမနေချင်တာနဲ့ ဓါးပြတိုက်ပြီး ထောင်ထဲဝင်လိုက်တဲ့ အမျိုးသား

အသက် ၇၀ အရွယ်ရှိပြီဖြစ်တဲ့ Lawrence Ripple ဆိုတဲ့ အဖိုးအိုတစ်ဦးဟာ သူရဲ. မိန်းမက ပူညံပူညံလုပ်လွန်းတာကို သည်းမခံနိုင်တော့တာမို့ ဘဏ်တစ်ခုကို အနုကြမ်းဝင်စီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

Lawrence ဟာ အမေရိကန်နိုင်ငံ Kansas မြို.မှာ နေထိုင်ပြီး အဲ့ဒီမြို.က အလုပ်သမားဘဏ်ကို သွားပြီး  ဘဏ်စာရေးကို စာရွက်တစ်ရွက်မှာ သေနတ်ပါကြောင်းနဲ့ ပိုက်ဆံထုတ်ပေးဖို့ ရေးပေးပြီး တောင်းဆိုဓါးပြတိုက်ခဲ့တာပါ။ ဘဏ်စာရေးကလည်း ပေါင် ၂၂၅၀ ထုတ်ပေးလိုက်ပါတယ် ။ ဒါပေမယ့် အဖိုးအိုက ထွက်မပြေးပဲ ရဲတွေလာမဖမ်းမချင်း ဘဏ်ကထိုင်ခုံမှာ ထိုင်ပြီး ရဲတွေလာဖမ်းတာကို စောင့်နေခဲ့ပါတယ်။

ရဲတွေထက် အရင် ဘဏ်လုံခြုံရေးတွေ ရောက်ရှိလာပြီး Lawraence ကိုတွေ့တဲ့အခါ သူက မင်းတို့ ဖမ်းဖို့ရှာတာ ငါပဲလို့ ဆိုပြီး လုံခြုံရေးတွေကို ပိုက်ဆံပြန်ပေးလိုက်ပြီး ရဲတွေလာဖမ်းတာကို စောင့်နေပါတယ် ။ လုံခြုံရေးတွေကလည်း ရဲတွေ မလာခင်အထိ သူ့ဘေးမှာ စောင့်ကြည့်နေခဲ့ကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*