အမျိုးသားတိုင်း လေးစားသွားစေနိုင်သည့် ရှက်ကီသမားကြီးက ရှက်ကီသောက်မည့်ပိုက်ဆံလေးတွေကိုစုပြီး ဘွဲ့ရတဲ့သားအတွက် ဖုန်းတစ်လုံးဝယ်ပေးနိုင်ခဲ့

အမျိုးသားတိုင်း လေးစားသွားစေနိုင်သည့် ရှက်ကီသမားကြီးက ရှက်ကီသောက်မည့်ပိုက်ဆံလေးတွေကိုစုပြီး ဘွဲ့ရတဲ့သားအတွက် ဖုန်းတစ်လုံးဝယ်ပေးနိုင်ခဲ့

မိဘတို့သည် မကောင်းသောအမူအကျင့်တစ်ခုကို ကိုယ်တိုင်ပြုကျင့်မိနေလျှင်ပင် သားသမီးတို့အတွက်တော့ အရာရာပေးဆပ် အနစ်နာခံရန် အသင့်ရှိနေတတ်ကြပေသည်။မိဘတို့အတွက် သားသမီးတို့သည်သာလျှင် အရာရာဖြစ်ပေသည်။သားသမီးတို့ အောင်မြင်မှုလေးတွေကို မြင်တွေ့လိုခြင်းမှာ မိဘတို့၏ တစ်ခုတည်းသော ဆန္ဒဖြစ်ပေသည်။

ယခုတွင်လည်း ဖခင်တစ်ဦးသည် အမြဲတမ်းသောက်နေကြဖြစ်သော ရှက်ကီကိုပင်ဖြတ်ပစ်နိုင်ခဲ့ပါတယ်။ထိုဖခင်ဟာ သားဖြစ်သူဘွဲ့ရသွားခဲ့သည့်အတွက် သူရှက်ကီသောက်မည့် ပိုက်ဆံလေးတွေကို မသောက်ပဲ စုထားခဲ့တာဖြစ်ပါတယ်။

 

ထို့နောက်တွင် သားဖြစ်သူအတွက် စုထားသော ပိုက်ဆံလေးများဖြင့် ဖုန်းအသစ်တစ်လုံးကို ဝယ်ယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဖခင်တစ်ယောက်အနေဖြင့် စွဲလမ်းစေတတ်သော အရာမျိုးကို သားဖြစ်သူအတွက် ဖြတ်တောက်နိုင်ခဲ့ခြင်းဟာ လေးစားဂုဏ်ပြုထိုက်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*