အမျိုးသမီး တွေ အတွက် ဟော်မုန်းဓာတ် ညီမျှစေမယ့် အစားအစာ ၅မျိုး

အမျိုးသမီး တွေရဲ့ ဟော်မုန်းဓာတ် ညီမျှမှုဟာ ကျန်းမာရေး အတွက် အရေးကြီးပြီး အလှအပရေးရာ အတွက်လည်း သက်ဆိုင်တဲ့ အရာ တစ်ခုပါ။

ငယ်ရွယ်တဲ့ အရွယ်မှာ ဟော်မုန်းဓာတ် မမျှတတဲ့ အခါ အသားအရေ မကြည်လင်ခြင်းနဲ့ အခြား သွေးသားနဲ့ ဆိုင်တဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီလို ဖြစ်လာတဲ့ အမျိုးသမီး ငယ်လေးတွေဟာ သက်လတ်ပိုင်း အရွယ် ရောက်တဲ့ အခါ သူများတွေနဲ့ တန်းတူ မတက်ကြွနိုင်တော့ပါဘူး။


ဒါတွေကို ကာကွယ်ချင်ရင်တော့ အစားအစာ တွေကို အာဟာရမျှတအောင် စားပြီး နုပျိုစေဖို့ အတွက် ကြံဆောင်ရပါမယ်။

အမျိုးသမီး တွေ အတွက် အရေးပါလှတဲ့ အစားအစာ ၅ မျိုးကတော့

၁။ ဒိန်ချဉ်

ဒိန်ချဉ် ဟာ ရှေးကျတဲ့ ဆေးနည်း တစ်မျိုးပါ။ သူ့မှာ ကျန်းမာရေး အကျိုးကျေးဇူးကောင်းတွေ အများအပြား ရှိပါတယ်။ ကယ်လ်စီယမ် ပါဝင်မှု
များတဲ့ အတွက် အရိုးနဲ့ နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ စိတ်ကျခြင်းနဲ့ အခြား အမျိုးသမီးရောဂါတွေ အတွက်လည်း
ကောင်းမွန်စေနိုင်ပါတယ်။

၂။ ငါး

အမျိုးသမီး တွေမှာ အလိုအပ်ဆုံးက အိုမီဂါ ၃ ဖက်တီးအက်ဆစ်ပါ။ သူ့ကို ငါး တွေကနေ ရရှိစေနိုင်ပါတယ်။ ဒါမှမဟုတ် ငါးကြီးဆီကို စားပေး
နိုင်ပါတယ်။ ပင်လယ်ငါးတွေမှာ အများဆုံး ပါဝင်ပါတယ်။

၃။ အသီးအရွက် များ
အစိမ်းရင့်ရောင် အရွက်တွေဟာ အင်တီအောက်ဆီးဒင့် ကြွယ်ဝတဲ့ အတွက် လူတိုင်းနဲ့ တည့်စေတဲ့ အစားအစာ လို့ ပြောလို့ ရပါတယ်။ ဟော်မုန်းကို
အဓိက ထိန်းညှိပေးတဲ့ အရွက်တွေကတော့ ဆလပ်ရွက်၊ မုန်လာထုပ်၊ ဟင်းနုနွယ်နဲ့ နံနံပင်တို့ပါ။

 

၄။ ဟင်းခတ် အမွှေးအကြိုင် များ
ဟင်းခတ် အမွှေးအကြိုင် တွေဟာ ကျန်းမာရေး နဲ့ ညီညွှတ်စေပြီး အရွယ်တင်စေပါတယ်။ အမျိုးသမီး တွေဟာ ဂျင်း၊ သစ်ကြပိုးနဲ့ ကြက်သွန်ဖြူ
တွေကို နေ့တိုင်း မပါမဖြစ် စားပေးရပါမယ်။

၅။ ထောပတ်သီး
ထောပတ်သီး ဟာ ကျန်းမာစေတဲ့ အဆီဓာတ် တွေ ပါဝင်ပါတယ်။ ဒီ အဆီဓာတ် တွေဟာ အမျိုးသမီး တွေကို ကူညီပေးပြီး ဟော်မုန်းကိုလည်း မျှတစေပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*