အမျိုးသမီးများနေ့တွင် ပန်းခြံထဲသို့ဝင်လျှင် discountရရှိစေရန်အတွက် အမျိုးသမီးကဲ့သို့ ဝတ်ဆင်လာသော ကပ်စေးနည်း အမျိုးသားတစ်ဦး အရှက်ကွဲခဲ့ရ

အမျိုးသမီးများနေ့တွင် ပန်းခြံထဲသို့ဝင်လျှင် discountရရှိစေရန်အတွက် အမျိုးသမီးကဲ့သို့ ဝတ်ဆင်လာသော ကပ်စေးနည်း အမျိုးသားတစ်ဦး အရှက်ကွဲခဲ့ရ

ယခုပြသနာလေးကတော့ တရုပ်နိုင်ငံ Shaanxiပြည်နယ်ရှိ အပန်းဖြေဥယျာဥ်တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။အကြောင်းအရာလေးကတော့ ထိုအပန်းဖြေဥယျာဥ်ဟာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အနေဖြင့် အပန်းဖြေဥယျာဥ်ကိုလာသည့် အမျိုးသမီးတိုင်းကို တစ်ဝက်စျေးနှုန်းဖြင့်သာ ဝင်ခွင့်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

ထို့ကြောင့် တရုပ်အမျိုးသား တစ်ဦးဟာ စျေးနှုန်းတစ်ဝက်နှင့် အပန်းဖြေဥယျာဥ်ထဲ ဝင်ရောက်လိုသဖြင့် အမျိုးသမီးကဲ့သို့ ဝတ်ဆင်ပြီး ကြိုးစားခဲ့ပါတယ်။အမျိုးသားဟာ မိန်းကလေးနစ်ယောက်ကဲ့သို့ ဆံပင်တု နှုတ်ခမ်းနီ အဝတ်အစားတို့ဖြင့် အမှန်အကန် ပြင်ဆင်ပြီး ကြိုးပမ်းခဲ့ပါတယ်။

သို့သော်လည်း အပန်းဖြေဥယျာဥ်စောင့် လုံခြုံလေးဟာ ထိုအမျိုးသားကို သတိထားမိသွားတဲ့အတွက်ကြောင့် အရှက်ကွဲခဲ့ရပါတယ်။အမျိုးသားဟာလည်း လူမိသွားသည်နှင့် ဆံပင်အတုကို ချွတ်ပစ်ခဲ့ကာ ဟန်ဆောင်ကြိုးပမ်းခဲ့ကြောင်း ဝန်ခံပြီး တောင်းပန်ခဲ့ရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*