အမျိုးသမီးတစ်ဦးက သူ့ကို ဘုတ်အီးလို့ ခေါ်လိုက်လို့ ဆိုင်က ကြက်ကြော်အားလုံးကို ဝယ်ယူသွားခဲ့တဲ့ အမျိုးသား

အမျိုးသမီးတစ်ဦးက သူ့ကို ဘုတ်အီးလို့ ခေါ်လိုက်လို့ ဆိုင်က ကြက်ကြော်အားလုံးကို ဝယ်ယူသွားခဲ့တဲ့ အမျိုးသား

လူတွေအမြဲပြောတဲ့ ကလဲ့စားချေခြင်းက ချိုမြိန်တယ်ဆိုတာ အမှန်ပါဘဲ။ထို့ကြောင့် အမျိုးသမီးတစ်ဦးက အမျိုးသားတစ်ဦးကို fat လို့ ခေါ်ခဲ့တာကြောင့် အဆိုပါအမျိုးသားက သူမအား နောင်တရသွားဖို့ တစ်ခုခုလုပ်ခဲ့ပါတယ်။ Frederico Hill အမည်ရှိအဆိုပါအမျိုးသားဟာ စားသောက်ဆိုင်တစ်ဆိုင်မှာ အစားအစာဝယ်ယူဖို့ တန်းစီစောင့်နေခဲ့ပါတယ်။အမျိုးသမီးတစ်ဦးနဲ့ သူမကလေးတွေကလည်း သူ့နောက်မှ ကြက်ကြော်မှာဖို့ တန်းစီစောင့်နေခဲ့ပါတယ်။

သို့ပေမဲ့ Hill ဟာ အဲ့ဒီအစား တစ်ခုခုလုပ်ဖို့ စဉ်းစားခဲ့ပါတယ်။ထို့နောက် Hill ဟာ ကောင်တာက ဝန်ထမ်းကို ကြော်ပြီးသား ကြက်ကြော်ဘယ်နခုကျန်လဲလို့မေးကာ ဝန်ထမ်းက လက်ကျန်က ၁၅ ခုကျန်ပြီး ကျန်အသုတ်ကိုတော့ မိနစ် ၃၀ ကြာစောင့်ရအုံးမယ်လို့ ဆိုခဲ့ပါတယ်။အဲ့လိုနဲ့ Hill က သူ့နောက်မှ ရပ်နေတဲ့ရိုင်းစိုင်းတဲ့အမျိုးသမီးကို လက်စားချေဖို့အတွက် ၁၅ ခုသာ ကျန်တဲ့ကြက်ကြော်တွေကို အကုန်ဝယ်ပြီး ချိုမြိန်စွာ ကလဲ့စားချေပြပစ်ခဲ့ပါတယ်။

၎င်းအဖြစ်အပျက်ကို Hill က သူ့ရဲ့ Facebook မှာ “ ငါကြက်ကြော်တွေကို အကုန်ဝယ်ခဲ့တယ် ဘာလို့ဆို ငါ့နောက်မှာ ရပ်နေတဲ့ အမျိုးသမီးက သူ့ကလေးတွေကို ငါ့က တစ်ခုဝယ်စားနိုင်တာလို့ တီတိုးပြောနေလို့” လို့ မျှဝေခဲ့ပါတယ်။ထိုအမျိုးသမီးလည်း Hill ထွက်သွားပြီးနောက် ဆိုင်ထဲမှာ မိနစ် ၃၀ လောက် ရပ်စောင့်နေခဲ့ရမှာပါဘဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*