
အများအမြင်မှာ ငယ်ရွယ်လှပတဲ့ မိန်းကလေးဆိုပေမဲ့ တကယ်တမ်း အသက် ၃၀အရွယ် အမျိုးသားကြီးဖြစ်နေခဲ့တဲ့ cosplayer တစ်ဦး
ဂျပန်နိုင်ငံ Minato-san အမည်ရှိ anime မိန်းကလေးတစ်ဦးအနေဖြင့် cosplay ကစားသမားတစ်ဦးဟာ မကြာသေးခင်က ဂျပန် social media မှာ သူ့ရဲ့ anime မှုတ်သွင်းထားခြင်းကို လူအများအား ချပြပေးခဲ့ပါတယ်။အမှန်တကယ်က Minato-san ဟာ အသက် ၃၀ အရွယ်ယောက်ျားလေး cosplay ကစားသမားတစ်ယောက်ဖြစ်တဲ့ ရုံးဝန်ထမ်းတစ်ဦးသာ ဖြစ်ပါတယ်။
ကျွမ်းကျင် cosplayer များဟာ သူတို့ရဲ့ရုပ်ဆင်းသဏ္ဌာန်ကို အစွန်းရောက်အောင် ပြောင်းလဲနိုင်တာက လျှို့ဝှက်ချက်မဟုတ်ပေမဲ့လည်း အချို့ကိစ္စရပ်များရဲ့ပြောင်းလဲခြင်းက အလွန်ကြောက်စရာကောင်းပါတယ်။Cosplay ကိုနှစ်သက်တဲ့ Minato ဆိုတဲ့ဂျပန်လူမျိုး anime မိန်းကလေးတစ်ဦးကိုကြည့်ခြင်းအားဖြင့် သူ့ကို ကျား၊ မ ခွဲခြားရခက်ပါတယ်။မိတ်ကပ်ကို လိမ္မာပါးနပ်စွာ အသုံးပြုခြင်း၊ ရိုးရှင်းတဲ့ရင်သားများကဲ့သို့ ခေတ်သစ်ဆက်စပ်ပစ္စည်းများနှင့် ဒစ်ဂျစ်တယ်ကိုင်တွယ်မှုပါအနည်းငယ်ကျွမ်းကျင်တာကြောင့် Minato ဟာ ကြည့်ရှုသူ့ကို ရှုပ်ထွေးသွားစေအောင် ပြောင်းလဲနိုင်ပါတယ်။
Minato ဟာ အမျိုးသမီး cosplayer တစ်ဦးကို လွန်ခဲ့တဲ့ ၄နှစ်ခန့်ကတည်းက စွဲလမ်းခဲ့ပါတယ်။Minato ဟာ ကိုယ်နှစ်သက်တဲ့အမျိုးသမီးဇာတ်ကောင်များအဖြစ်သို့ ပြောင်းလဲရန် အကြံအစည်များကို အမြဲစဉ်းစားနေခဲ့ပါတယ်။တစ်နေ့မှာ သူဟာ မိတ်ကပ်လိမ်းကြည့်ရန် Tokyoမြို့ ၊ Akihabara ရှိ အလှပြင်ဆိုင်မှာ ချိန်းဆိုခဲ့ပြီးနောက် ရလဒ်ကို သူသဘောကျခဲ့သဖြင့် မိတ်ကပ်နည်းစနစ်များကိုပါ စတင်လေ့လာခဲ့တယ် လို့ ဆိုပါတယ်။
မိတ်ကပ်က လုပ်ငန်းစဉ်ရဲ့အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး Minato ဟာ သူ့ရဲ့ပါးပြင်များ အပါအဝင် အချို့မျက်နှာအသွင်အပြင်များကို ပြောင်းလဲရန် တိပ်ခွေနည်းစနစ်များကို အသုံးပြုခဲ့ပါတယ်။ထို့နောက် ထင်ယောင်ထင်မှားမှုကိုမြှင့်တင်ရန် ဆီလီကွန်ဖြင့်ပြုလုပ်ထားတဲ့ ရင်သားနှင့် ဆံပင်တုကိုပါ ဝတ်ဆင်ခဲ့ပါတယ်။
Minato ဟာ ဒစ်ဂျစ်တယ်ဖြင့် ပြောင်းလဲမှုကလည်း အောင်မြင်တဲ့ cosplay စီမံကိန်းအတွက်မရှိမဖြစ်ဟု ထင်ခဲ့ပါသေးတယ်။Minatoရဲ့ ထိတ်လန့်စရာကောင်းတဲ့ပြောင်းလဲမှုကြောင့် Japanese mainstream media ရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။Twitter တစ်ခုတည်းမှာသာ Minato ရဲ့ဓာတ်ပုံများ ပျံ့နှံ့သွားခဲ့ပြီး likes ပေါင်း 100,000 ကျော်အထိ ရရှိခဲ့ပါတယ်။
Twitter အသုံးပြုသူများက “ လှပတဲ့အမျိုးသမီးတွေကိုတော့ ငါမယုံတော့ဘူး”၊ “ အနာဂတ်မှာ လှပတဲ့အမျိုးသမီးတွေနဲ့ တွေ့လာရင် ငါ ထပ်ခါထပ်ခါစစ်ဆေးကြည့်ရမယ် ”လို့ မှတ်ချက်ပေးထားခဲ့ကြပါတယ်။
Leave a Reply