အများသုံးအိမ်သာကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုသုံးသင့်သလဲ

ဘယ်လိုပဲဖြစ်ဖြစ် တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ အများသုံးအိမ် သာသုံးဖို့ဖြစ်လာတဲ့အခါ ရောဂါပိုးမွှား ရန်က ဝေးစေဖို့ လုပ်ဆောင် နိုင်တာလေးတချို့ကို အကြံပြုလို ပါတယ်။

သုတ်စရာအဝတ်တစ်ရှူး ဒါမှမဟုတ် စက္ကူတစ်ရှူးနဲ့ အိမ် သာပေါ်မထိုင်မီ သုတ်တာမျိုးလုပ် ပေးနိုင်ပါတယ်။ ခုံမှာထိုင်ပြီးရင် အဝတ်အစားတွေကို ကြမ်းပြင် အထိကျအောင်မလုပ်သင့်ပါဘူး။ အိမ်သာကြမ်းခင်းမှာ မမြင်နိုင်တဲ့ ပိုးမွှွားများစွာရှိနေတာကြောင့် ကပ်ငြိလာနိုင်ပါတယ်။

ရေဆွဲချရာမှာလည်း လက်နဲ့ တိုက်ရိုက်ကိုင်တာထက် တစ်ရှူး နဲ့ကိုင်တာမျိုး၊ ခြေထောက်သုံးပြီး ဆွဲချတာမျိုး၊ တံခါးလက်ကိုင်တွေ ကိုလည်း တစ်ရှူးနဲ့ကိုင်ဖွင့်တာ မျိုးလုပ်နိုင်ပါတယ်။


အိမ်သာဆိုတာမျိုးက အမြဲ တမ်းရေတစိုစိုဖြစ်နေတာမို့ ဘက် တီးရီးယားတွေ လွယ်လွယ်ကူကူ ကပ်ပါ လာနိုင်တာကြောင့် လက် ဆေးဖို့ကိုတော့ လုံးဝမမေ့သင့်ပါ ဘူး။ လက်ဆေးတဲ့အခါမှာလည်း အော်တို
ရေပိုက်ခေါင်းတွေဆိုရင် လက်ဖယ်လိုက်တာနဲ့ ပိတ်သွား ပေမယ့် ရိုးရိုးရေပိုက်ခေါင်းဆိုရင် တော့ တစ်ရှူး သုံးပြီး ပိတ်တာမျိုး လုပ်ဆောင်သင့်ပါတယ်။

နောက်ဆုံးတစ်ချက်က တော့ အိမ်သာကထွက်လာပြီး တိုင်း လက်ဆေးလာသော်ငြား လည်းလက်သန့်
ဆေးရည်လေးနဲ့ ထပ်ပြီး ပွတ်ဆေးဖို့လိုအပ်ပါ တယ်။ အိမ်သာတိုင်းမသန့်ရှင်းဘူးလို့မဆိုနိုင်ပေမယ့် ဆီးလမ်း ကြောင်းပိုးဝင်ပြီး ကျောက်ကပ် အထိပါဒုက္ခပေးနိုင်တာကြောင့် မမြင်နိုင်တဲ့ ပိုးမွှားအန္တရာယ်က ကာကွယ်ပြီးသားဖြစ်အောင် အိမ် သာထဲဝင်တာနဲ့ ရေပိုက်၊ အိမ် သာတံခါး၊ ရေဆွဲခလုတ်စတာ တွေကို လက်နဲ့တိုက်ရိုက်မထိ ကိုင်မိဖို့သတိပြုကြရအောင်ပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*