‘အမေ့အုတ်ဂူဆီ သွားချင်တယ်’ ဆိုပြီး ညနက်ကြီးမှာ တစ်ယောက်ထဲခရီးဝေးသွားခဲ့တဲ့ ကောင်လေး (ရုပ်သံ)

‘အမေ့အုတ်ဂူဆီ သွားချင်တယ်’ ဆိုပြီး ညနက်ကြီးမှာ တစ်ယောက်ထဲခရီးဝေးသွားခဲ့တဲ့ ကောင်လေး (ရုပ်သံ)

ကျွန်တော်တို့အများစုဟာ အသက် ၃၀၊၄၀ အရွယ်နီးပါးရောက်ရှိလာစဉ် ကျွန်တော်တို့ရဲ့ဘေးနားမှာ မိဘနှစ်ပါးစလုံး မားမားမတ်မတ် ရပ်တည်ပေးနိုင်သေးတာဟာ အလွန်အမင်း‌ကောင်းချီးခံစားရပါတယ်။သို့ပေမဲ့လည်း Jiangsu အမည်ရှိ တရုတ်ကောင်လေးဟာ သူ့အသက် ၁၂နှစ်အရွယ်မာတင် သူ့အမေကွယ်လွန်သွားတဲ့အတွက် ကံမကောင်းခဲ့ပါဘူး။

သူ့ရဲ့အခြားသောမိသားစုဝင်များအိပ်ပျော်နေစဉ် ကလေးငယ်ဟာ သူ့ရဲ့‌နေအိမ်မှထွက်ခွာသွားပြီးနောက် မေလ၈ရက်နေ့မှာ သူ့ရဲ့ဗီဒီယိုဟာ ဆိုရှယ်မီဒီယာပေါ်ပျံ့နှံ့နေခဲ့ပါတယ်။ကောင်လေးဟာ သူ့အမိရဲ့ အုတ်ဂူရှိရာ‌ဒေသကို တက္ကစီငှားပြီးသွားခဲ့တာပါ။သို့ပေမဲ့လည်း သူဟာ ဘယ်နေရာရှိတယ်ဆိုတာကို အတိအကျမသိခဲ့ပါဘူး။

ကလေးငယ်ကိုကူညီရန် တက္ကစီယာဉ်မောင်းသမားက ကင်းလှည့်ရဲတပ်ဆီကို တည်နေရာမေးရန် မောင်းသွားခဲ့ပါတယ်။ရဲက “သူအဲ့ဒီကို ဘာသွားလုပ်မာလဲ” လို့ မေးလိုက်တဲ့အခါမှာ ကောင်လေးက ထွက်ပြေးပြီး “ငါ့နောက်မလိုက်နဲ့”ဆိုပြီး ပြောဆိုခဲ့ပါတယ်။ကောင်လေးကို ရဲစခန်းသို ခေါ်ဆောင်သွားစဉ် ကောင်လေးက”ကျွန်တော့်အမေရဲ့ အုတ်ဂူဆီကို သွားချင်တယ်…”ဆိုပြီး ရုတ်တရက် ပြောခဲ့ပါတယ်။

ဦးရဲကြီးက ကလေးငယ်ကို “မနက်ခင်းကျမှ အေးအေးဆေးဆေး သွားတာပေါ့ ကောင်လေးရယ်”ဆိုပြီး နူးညံ့စွာ ပြောလိုက်ပါတယ်။သူတို့တွေ ရဲစခန်းကို ရောက်တဲ့အခါမှာ အာဏာပိုင်တွေက ကောင်လေးရဲ့မိသားစုဝင်တွေနဲ့ အဆက်သွယ်ရပြီး ကလေးငယ်ကို လုံခြုံစွာ အိမ်ပို့နိုင်ခဲ့ပါတယ်။

Zawgyi

ကြၽန္ေတာ္တို႔အမ်ားစုဟာ အသက္ ၃၀၊၄၀ အ႐ြယ္နီးပါးေရာက္ရွိလာစဥ္ ကြၽန္ေတာ္တို႔ရဲ႕ေဘးနားမွာ မိဘႏွစ္ပါးစလုံး မားမားမတ္မတ္ ရပ္တည္ေပးႏိုင္ေသးတာဟာ အလြန္အမင္း‌ေကာင္းခ်ီးခံစားရပါတယ္။သို႔ေပမဲ့လည္း Jiangsu အမည္ရွိ တ႐ုတ္ေကာင္ေလးဟာ သူ႔အသက္ ၁၂ႏွစ္အ႐ြယ္မာတင္ သူ႔အေမကြယ္လြန္သြားတဲ့အတြက္ ကံမေကာင္းခဲ့ပါဘူး။

သူ႔ရဲ႕အျခားေသာမိသားစုဝင္မ်ားအိပ္ေပ်ာ္ေနစဥ္ ကေလးငယ္ဟာ သူ႔ရဲ႕‌ေနအိမ္မွထြက္ခြာသြားၿပီးေနာက္ ေမလ၈ရက္ေန႔မွာ သူ႔ရဲ႕ဗီဒီယိုဟာ ဆိုရွယ္မီဒီယာေပၚပ်ံ႕ႏွံ႔ေနခဲ့ပါတယ္။ေကာင္ေလးဟာ သူ႔အမိရဲ႕ အုတ္ဂူရွိရာ‌ေဒသကို တကၠစီငွားၿပီးသြားခဲ့တာပါ။သို႔ေပမဲ့လည္း သူဟာ ဘယ္ေနရာရွိတယ္ဆိုတာကို အတိအက်မသိခဲ့ပါဘူး။

ကေလးငယ္ကိုကူညီရန္ တကၠစီယာဥ္ေမာင္းသမားက ကင္းလွည့္ရဲတပ္ဆီကို တည္ေနရာေမးရန္ ေမာင္းသြားခဲ့ပါတယ္။ရဲက “သူအဲ့ဒီကို ဘာသြားလုပ္မာလဲ” လို႔ ေမးလိုက္တဲ့အခါမွာ ေကာင္ေလးက ထြက္ေျပးၿပီး “ငါ့ေနာက္မလိုက္နဲ႔”ဆိုၿပီး ေျပာဆိုခဲ့ပါတယ္။ေကာင္ေလးကို ရဲစခန္းသို ေခၚေဆာင္သြားစဥ္ ေကာင္ေလးက”ကြၽန္ေတာ့္အေမရဲ႕ အုတ္ဂူဆီကို သြားခ်င္တယ္…”ဆိုၿပီး ႐ုတ္တရက္ ေျပာခဲ့ပါတယ္။

ဦးရဲႀကီးက ကေလးငယ္ကို “မနက္ခင္းက်မွ ေအးေအးေဆးေဆး သြားတာေပါ့ ေကာင္ေလးရယ္”ဆိုၿပီး ႏူးညံ့စြာ ေျပာလိုက္ပါတယ္။သူတို႔ေတြ ရဲစခန္းကို ေရာက္တဲ့အခါမွာ အာဏာပိုင္ေတြက ေကာင္ေလးရဲ႕မိသားစုဝင္ေတြနဲ႔ အဆက္သြယ္ရၿပီး ကေလးငယ္ကို လုံၿခဳံစြာ အိမ္ပို႔ႏိုင္ခဲ့ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*