အမေများနေ့မှာအခြားသူငယ်ချင်းတွေလိုအမေနဲ့အတူတက်ရောက်ခွင့်မရလို့၊ကျောင်းတံခါးနားမှာငိုကြွေးနေခဲ့တဲ့သနားစရာကျောင်းသားလေး

အမေများနေ့မှာအခြားသူငယ်ချင်းတွေလိုအမေနဲ့အတူတက်ရောက်ခွင့်မရလို့၊ကျောင်းတံခါးနားမှာငိုကြွေးနေခဲ့တဲ့သနားစရာကျောင်းသားလေး

ထိုင်းနိုင်ငံမှာတော့Augustလ(12)နေ့ကို၊အမေများနေ့အဖြစ်သတ်မှတ်ထားပါတယ်။ထိုနေ့လေးရဲ့အထိမ်းအမှတ်ပွဲအနေနဲ့ကျောင်းတစ်ကျောင်းမှာတော့ကျောင်းသားများရဲ့မိခင်များကိုဖိတ်ခေါ်ပီး၊ခလေးတွေနဲ့အတူပျော်ရွှင်စေတဲ့ပွဲလေးကျင်းပပေးခဲ့ပါတယ်။သို့ပေမဲ့ကျောင်းတံခါးကြားနားကကျောင်းသားလေးတစ်ယောက်ကတော့၊အမေကိုယ်စီနဲ့ပျော်နေကြတဲ့သူငယ်ချင်းတွေကိုကြည့်ပီးဝမ်းနည်းပက်လက်ငိုကြွေးနေခဲ့ပါတယ်။

အကြောင်းကတော့၎င်းကျောင်းသားလေးရဲ့အမေဟာ၊အမေများနေ့ကျင်းပပေးတဲ့ကျောင်းပွဲကိုမတက်ရောက်နိုင်ခဲ့လို့ပါ။ကျောင်းရဲ့စတိတ်စင်ပေါ်မှာ၊အမေကိုယ်စီဆော့ကစားပျော်ပါးနေတာကိုကြည့်ပီး၊မိခင်ကိုသတိရလာပီးငို နေတဲ့ကျောင်းသားလေးကို၊အများကတွေ့မြင်တဲ့အခါမှာတော့စိတ်မကောင်းဖြစ်မိခဲ့ကြပါတယ်။

အမှန်တော့၎င်းကျောင်းသားလေးရဲ့မိခင်ဟာ၊ကျပန်းစျေးသည်တစ်ယောက်ဖြစ်ပါတယ်။ထိုနေ့ကစျေးရောင်းရင်းအချိန်နောက်ကျခဲ့လို့မလာရတာပါ။သိုပေမဲ့ကျောင်းပွဲအပီးမှာတော့၊မိခင်ဖြစ်သူကကျောင်းကအပြန်သား​လေးစိတ်ကျေနပ်အောင်ပျော်ရွှင်စရာအချိန်လေးကိုအစားထိုးဖန်တီးပေးဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*