အမေဖြစ်သူရဲ့ မြင်းနဲ့ နွားသူငယ်တို့ကို ပြုစုစောင့်ရှောက်ရန် ကူညီပေးနေတဲ့ ချစ်စရာ ၂၁ လ အရွယ်ကလေးမလေး(ရုပ်သံ)

အမေဖြစ်သူရဲ့ မြင်းနဲ့ နွားသူငယ်တို့ကို ပြုစုစောင့်ရှောက်ရန် ကူညီပေးနေတဲ့ ချစ်စရာ ၂၁ လ အရွယ်ကလေးမလေး(ရုပ်သံ)

ကျေးလက်ဒေသမှာ နေထိုင်တဲ့လူအများစုက မြို့ကြီးကလူတွေရဲ့ဘဝနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အပန်းဖြေဖို့ လွယ်ကူပေမဲ့ အမှန်တရားက အမြဲတမ်းဆန့်ကျင်ဘက်ဖြစ်နေပါတယ် ။ ၎င်းရဲ့ ဖြစ်ရပ်ကို မိခင်တစ်ဦးဖြစ်တဲ့ Ashley Koeller က သက်သေပြနိုင်ခဲ့ပါတယ် ။ သူမမှာ ကလေးသုံးယောက် နဲ့ မွေးမြူရေးခြံကြီးတစ်ခု ရှိပါတယ် ။

သူမရဲ့ နေ့တွေက မိခင်တာဝန်ကတစ်ဖက် သူမရဲ့ခြံကို စောင့်ရှောက်ရဖို့ကတစ်ဖက် အလုပ်များနေခဲ့တာပါ ။ ကံကောင်းတာက သူမရဲ့အိမ်မှုကိစ္စတွေကို ကူညီဖို့တကယ်ချစ်စရာကောင်းတဲ့ အထောက်အကူတစ်ဦး ရှိခဲ့ပါတယ် ။ Aubrey Koeller လို့‌ခေါ်တဲ့ Ashley ရဲ့သမီးငယ်ဟာ အသက် ၂၁ လသာ ရှိသေးပါတယ် ။

သမီးဖြစ်သူက အလုပ်များနေတဲ့ မိခင်ကို ကူညီပေးခဲ့ပါတယ် ။ ထိုအချိန်မှစပြီး Aubrey ဟာ သူမရဲ့ ခွန်အားတွေအားလုံးနဲ့ သူမမိခင်ရဲ့ မွေးမြူရေးခြံထဲကိုသွားပြီး နေ့စဉ်အလုပ်တွေကို ကူညီပေးခဲ့ပါတယ် ။ Ashley အနေနဲ့ သူမမှာ Aubrey လို သိတက်လိမ္မာလွန်းတဲ့ သမီးလေးရှိတဲ့အတွက် အလွန်ဂုဏ်ယူရမယ်ဖြစ်ပါတယ် ။

Zawgyi




https://www.youtube.com/watch?v=bj5fWbdqUnU&feature=emb_imp_woyt


Be the first to comment

Leave a Reply

Your email address will not be published.


*