အမိုးဖွင့် ဇိမ်ခံကား အကောင်းစားကြီးကို စီးနေရသော်လည်း မိုးရွာသောအခါ ထီးဆောင်းပြီး မောင်းနှင်နေရသည့် ကားပိုင်ရှင်တစ်ဦး၏အဖြစ်

အမိုးဖွင့် ဇိမ်ခံကား အကောင်းစားကြီးကို စီးနေရသော်လည်း မိုးရွာသောအခါ ထီးဆောင်းပြီး မောင်းနှင်နေရသည့် ကားပိုင်ရှင်တစ်ဦး၏အဖြစ်

ငွေကြေးဆိုသည်မှာ လူသားတို့အတွက်အလွန်အရေးပါလှသော အရာဝတ္ထုတစ်ခုပင်ဖြစ်ပေသည်။ငွေကြေးချမ်းသာကြွယ်ဝမှသာလျှင် ဘဝကို အခက်အခဲမရှိဘဲ ဖြတ်သန်းနိုင်မည်ဖြသ်ပေသည်။

ယခုတွင်လည်း တရုပ်နိုင်ငံမှ အမျိုးသားတစ်ဦးသည် ငွေကြေးချမ်းသာ ကြွယ်ဝသောကြောင့် စျေးကြီးလှသော အမိုးဖွင့် မာစီးဒီး ဇိမ်ခံကားအကောင်းစားကြီးကို မောင်းနှင်နေခဲ့ပါသည်။သို့သော်လည်း ကားပိုင်ရှင်ဟာ မိုးရွာလာသောအခါတွင် ကားကို ထီးဆောင်း၍ မောင်းနှင်နေခဲ့ရပါတယ်။

ကားပိုင်ရှင်ဟာ ကားအမိုးပိတ်ထားလို့ရသည်ကို မေ့နေသောကြောင့် ဖြစ်နိုင်ပြီး ထီးဆောင်း၍ မောင်းနှင်နေခြင်းလည်း ဖြစ်နိုင်ပါတယ်။

သို့သော်လည်း ကားကို ထီးဆောင်း၍ မောင်းနှင်နေသော ပုံရိပ်များကို လမ်းသွားလမ်းလာ လူတစ်ဦးမှ ရိုက်ကူးကာ လိုင်းပေါ်တွင် တင်ခဲ့သောကြောင့် လူအများဟာ ကားမောင်းနှင်သူကို အမျိုးမျိုးစနောက်ကာ မှတ်ချက်များ ပေးခဲ့ကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*