
အဘွားအိုရဲ့ကားနောက်ကို ပျားအကောင် အုပ်စုလိုက် လိုက်ပါလာခဲ့တဲ့ အကြောင်းရင်းကို 2 ရက်အကြာမှ သိခဲ့ရတဲ့အဖြစ်
၆၈ နှစ်အရွယ် Carol Howarth လို့ခေါ်တဲ့ အဖွားဟာ သူမရဲ့ကားကို Wales နိုင်ငံက Haverfordwest မြို့လယ်မှာ ကားခနရပ်ထားပြီး အနီးအနားက Supermarket မှာ ဈေးဝယ်ထွက်ခဲ့ပါတယ် ။ ဒါပေမဲ့ သူမ ရပ်ထားတဲ့ကားဆီပြန်လာတဲ့အခါမှာ ကားရဲ့အနောက်ဘက်က ထောင်ပေါင်းများစွာသောပျားတွေဖုံးလွှမ်းနေတာကို တွေ့မြင်ခဲ့ပြီး ထိတ်လန့်သွားခဲ့ပါတယ် ။
ကျေးဇူးတင်စရာမှာ ပျားမွေးမြူသူသုံးဦး၊ အမျိုးသားဥယျာဉ်မှူးတစ်ဦး နဲ့ ပြည်သူများအပါဝင် ကယ်ဆယ်ရေးအဖွဲ့တွေက ပျားတွေကို ဖမ်းဆီးပြီး အထူးပျားမွေးမြူသူတွေက သေတ္တာထဲမှာ ချုပ်ထားခဲ့လိုက်ပါတယ် ။သူမအိမ်ပြန်ပြီး နောက်တစ်နေ့မှာ သူမရဲ့ကားကို ပျားအကောင် ၂၀၀၀၀ လောက် ထပ်မံဖုံးထားခဲ့တာကြောင့် Mrs Howarth က ပျားမွေးမြူသူတွေကို ထပ်မံပြီး ခေါင်ဆောင်ကာ ဖမ်းဆီးစေခဲ့ပါတယ် ။ ဒုတိယအဖြစ်အပျက်ပြီးနောက် ပျားမွေးမြူသူတစ်ဦးက “ပျားမိဖုရားက Mrs Howarth ရဲ့ ကားထဲမှာ ပိတ်မိနေတာဖြစ်နိုင်တယ်” လို့ သံသယဖြစ်မိခဲ့ပါတယ် ။
“ပျားတွေက သူတို့ရဲ့မိဖုရားကို ဘယ်နေရာမှာမဆို ရှာဖွေနိုင်ဒါကြောင့် ၎င်းဟာအမှန်လို့ ကျွန်မထင်တယ် ” ဆိုပြီး အဖွားက ပြောကြားခဲ့ပါတယ် ။ ဖြစ်ကောင်းဖြစ်နိုင်မဲ့အဖြေကရှိနေသော်လည်း Mrs Howarth က အများကြီးတွေးမနေတော့ဘဲ ” သူတို့ရဲ့ မိဖုရားကို ဘာလို့မရှာတွေ့နိုင်တာလည်းဆိုတာကို ငါနားမလည်တော့ဘူး ။ သူတို့က ငါ့ကားရဲ့ အပူကို ကြိုက်နှစ်သက်ပုံရတယ် ” လို့ အင်တာဗျူးမှာ နောက်ဆုံး ပြောကြားခဲ့ပါတယ် ။ မျှော်လင့်ချက်များအရ ပျားတွေက သူတို့ရဲ့ပျောက်ဆုံးနေတဲ့ မိဖုရားကို အမြန်ဆုံးရှာတွေ့လိမ့်မယ်လို့ မျှော်လင့်ပါတယ် ။
Zawgyi
အဘြားအိုရဲ႕ကားေနာက္ကို ပ်ားအေကာင္ အုပ္စုလိုက္ လိုက္ပါလာခဲ့တဲ့ အေၾကာင္းရင္းကို 2 ရက္အၾကာမွ သိခဲ့ရတဲ့အျဖစ္
၆၈ ႏွစ္အ႐ြယ္ Carol Howarth လို႔ေခၚတဲ့ အဖြားဟာ သူမရဲ႕ကားကို Wales ႏိုင္ငံက Haverfordwest ၿမိဳ႕လယ္မွာ ကားခနရပ္ထားၿပီး အနီးအနားက Supermarket မွာ ေဈးဝယ္ထြက္ခဲ့ပါတယ္ ။ ဒါေပမဲ့ သူမ ရပ္ထားတဲ့ကားဆီျပန္လာတဲ့အခါမွာ ကားရဲ႕အေနာက္ဘက္က ေထာင္ေပါင္းမ်ားစြာေသာပ်ားေတြဖုံးလႊမ္းေနတာကို ေတြ႕ျမင္ခဲ့ၿပီး ထိတ္လန႔္သြားခဲ့ပါတယ္ ။
ေက်းဇူးတင္စရာမွာ ပ်ားေမြးျမဴသူသုံးဦး၊ အမ်ိဳးသားဥယ်ာဥ္မႉးတစ္ဦး နဲ႔ ျပည္သူမ်ားအပါဝင္ ကယ္ဆယ္ေရးအဖြဲ႕ေတြက ပ်ားေတြကို ဖမ္းဆီးၿပီး အထူးပ်ားေမြးျမဴသူေတြက ေသတၱာထဲမွာ ခ်ဳပ္ထားခဲ့လိုက္ပါတယ္ ။သူမအိမ္ျပန္ၿပီး ေနာက္တစ္ေန႔မွာ သူမရဲ႕ကားကို ပ်ားအေကာင္ ၂၀၀၀၀ ေလာက္ ထပ္မံဖုံးထားခဲ့တာေၾကာင့္ Mrs Howarth က ပ်ားေမြးျမဴသူေတြကို ထပ္မံၿပီး ေခါင္ေဆာင္ကာ ဖမ္းဆီးေစခဲ့ပါတယ္ ။ ဒုတိယအျဖစ္အပ်က္ၿပီးေနာက္ ပ်ားေမြးျမဴသူတစ္ဦးက “ပ်ားမိဖုရားက Mrs Howarth ရဲ႕ ကားထဲမွာ ပိတ္မိေနတာျဖစ္ႏိုင္တယ္” လို႔ သံသယျဖစ္မိခဲ့ပါတယ္ ။
“ပ်ားေတြက သူတို႔ရဲ႕မိဖုရားကို ဘယ္ေနရာမွာမဆို ရွာေဖြႏိုင္ဒါေၾကာင့္ ၎ဟာအမွန္လို႔ ကြၽန္မထင္တယ္ ” ဆိုၿပီး အဖြားက ေျပာၾကားခဲ့ပါတယ္ ။ ျဖစ္ေကာင္းျဖစ္ႏိုင္မဲ့အေျဖကရွိေနေသာ္လည္း Mrs Howarth က အမ်ားႀကီးေတြးမေနေတာ့ဘဲ ” သူတို႔ရဲ႕ မိဖုရားကို ဘာလို႔မရွာေတြ႕ႏိုင္တာလည္းဆိုတာကို ငါနားမလည္ေတာ့ဘူး ။ သူတို႔က ငါ့ကားရဲ႕ အပူကို ႀကိဳက္ႏွစ္သက္ပုံရတယ္ ” လို႔ အင္တာဗ်ဴးမွာ ေနာက္ဆုံး ေျပာၾကားခဲ့ပါတယ္ ။ ေမွ်ာ္လင့္ခ်က္မ်ားအရ ပ်ားေတြက သူတို႔ရဲ႕ေပ်ာက္ဆုံးေနတဲ့ မိဖုရားကို အျမန္ဆုံးရွာေတြ႕လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ ။
Leave a Reply