အဘွားက အလိုလိုက်ပြီး နေ့တိုင်းလိုလို စမတ်ဖုန်းပေးကိုင်တော့ မျက်စိကွယ်မလိုဖြစ်ခဲ့ရတဲ့ အသက် ၄နှစ်အရွယ် ကောင်လေး

အဘွားက အလိုလိုက်ပြီး နေ့တိုင်းလိုလို စမတ်ဖုန်းပေးကိုင်တော့ မျက်စိကွယ်မလိုဖြစ်ခဲ့ရတဲ့ အသက် ၄နှစ်အရွယ် ကောင်လေး

မိဘတွေဟာ မိသားစုစားဝတ်နေရေးအတွက် အိမ်ပြင်ထွက် ပိုက်ဆံရှာရတဲ့အချိန်မှာ သားသမီးတွေကို အဘိုးအဘွားတွေနဲ့ ထားခဲ့ကြရပါတယ်။အဘိုးအဘွားတွေကလည်း မိဘမရှိတော့ ကလေးတွေကို သူတို့ဖြစ်ချင်တာ လုပ်ချင်တာတွေကို လိုက်လျောပေးတတ်ကြပါတယ်။အခုလည်း ထိုင်ဝမ်နိုင်ငံရှိ အသက် ၄ နှစ်အရွယ် အမည်မဖော်ထားတဲ့ကောင်လေးက အဘွားနဲ့ အိမ်မှာကျန်ခဲ့ရပြီး အဘွားဖြစ်သူကလည်း နေ့တိုင်းလိုလို စမတ်ဖုန်းကို အမြဲပေးကိုင်ခဲ့ပြီးနောက် မျက်မမြင်ရောဂါတစ်မျိုး ဖြစ်သွားခဲ့ရပါတယ်။

သူကလည်း ကလေးသဘာဝ အမြဲကျီကျနေတော့ အဘွားဖြစ်သူက ငြိမ်သွားအောင် စမတ်ဖုန်းပေးကိုင်တော့ သူက game တွေအပြင် video တွေကို နေ့တိုင်းလိုလို ကြည့်နေခဲ့ပါတယ်။

တစ်ကယ်လည်း ယနေ့ခေတ်မှာ ၂ နှစ်လောက်ဘဲရှိတဲ့ကလေးငယ်လေးတွေကအစ စမတ်ဖုန်းတွေ ကိုင်လာကြပြီး ၂နာရီအကြာ video တွေကြည့်တတ်ကြပါတယ်။မိဘတော်တော်များများကလည်း ပိုက်ဆံရှာဖို့ လုံးပန်းနေရတာနဲ့ ကလေးတွေကို သေချာဂရုမစိုက်နိုင်ဘဲ လွတ်ထားတတ်ကြပါတယ်။အခုကလေးလည်း ၄နှစ်ဘဲရှိသေးတာကို ပါဝါ ၆၅၀ ဆိုတော့ အတော်လေးအန္တရာယ်များပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*